16.1.14

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အိမ်ရာ ပြဿနာအတွက် ပြောင်းရွှေ့ ခံရသူအချို့ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်အတွင်း ဆောက်လုပ်
ထားသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဆောက်လုပ်ထားခြင်း
အတွက် အိုးဘိုတောင် ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်လောက်ကစပြီး တိုင်းဒေသကြီး လွှတ်တော်ရုံးနဲ့ ပတ်သက်ပြီး အရင်အိမ်ဝင်း ရွှေ့ပြီးသူများက အခုနောက်ပိုင်းမှ ရွှေ့ပြောင်း
မည့် ၁၂ ဦးနည်းတူ ရပိုင်ခွင့်များ တောင်းဆိုခဲ့ကြတယ်။ မပြေလည်
တာကြောင့် ဆန္ဒဖော်ထုတ်တာပါ” ဟူ၍ အိုးဘိုတောင်ရပ်ကွက်မှ ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ဒေသခံ
အချို့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးနှင့် ပတ်သက်၍ ယခင်အိမ်ဝင်း ရွှေ့ပြီးသူများက ယခုမှ ရွှေ့ပြောင်းမည့် ၁၂ ဦးနည်းတူ ရပိုင်ခွင့်များ တောင်းဆိုခဲ့ကာ အဆိုပါ တောင်းဆိုမှုများကို တိုင်းဒေသကြီးလွှတ်တော် ၀န်ကြီးများရုံးဂိတ်ရှေ့တွင် ဒေသခံအချို့က
တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ ၂၈ ရက် နောက်ဆုံးထားရွှေ့ရမယ်။ ရွှေ့တဲ့သူတွေကို
ရွှေ့ပြောင်းရလွယ်ဖို့ ကားစီစဉ်ပေးမယ်။ မရွှေ့ရင် အရေးယူခံရမယ်
ဆိုလို့ အဲဒီတုန်းက ၇၇ ဦးထဲက ၅၂ ဦးလောက် ပြောင်းခဲ့တယ်။ ပေ ၈၀ နဲ့ ပေ ၆၀ တစ်ဝင်းကို ပေ ၈၀ နဲ့ ပေ ၄၀ ၀င်းတစ်ဝင်း အစားပြန်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ နောက်ဆုံးထားရွှေ့မယ့် ၁၂ ဦးကို အိမ်ဝင်းအပြင်
ရေဘုံဘိုင်၊ အိမ်သာတွင်းခွေ၊ အိမ်ဝင်းထဲဖို့ဖို့ မြေသား စတာတွေကို
ဆောင်ရွက်ပေးလို့မို့ အရင်က ပြောင်းရွှေ့ခဲ့တဲ့ အိုးဘိုတောင် မြ၀တီရပ်ကွက် နယ်မြေ ၆ က ဒေသခံတွေက လိုအပ်နေတဲ့ ၀န်ဆောင်မှုကို တောင်းဆို
ခဲ့တာပါ။ ၂၀၁၂ ဇန်န၀ါရီ ၁၆ ရက်တုန်းက မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းက အရင်ပြောင်းတဲ့သူတွေကို နောက်မှပြောင်းတဲ့သူတွေလို ၀န်ဆောင်မှု တန်းတူပေးမယ်လို့ ပြောခဲ့သလို လွှတ်တော်ရုံးနဲ့ ပတ်သက်တဲ့ ဗိုလ်မှူးနေဦးကလည်း နောက်မှရွှေ့သူနဲ့ အတူတူရမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့က နောက်မှရွှေ့သူတွေ ပိုရလို့ တောင်းဆိုတာမဟုတ်ဘဲ ဒေသ
အာဏာပိုင်တွေ ကတိပေးထားခဲ့တဲ့အတိုင်း တန်းတူအခွင့်အရေးရဖို့ လာရောက်တောင်းဆိုခဲ့ပြီး ပြေလည်မှုမရလို့ ဆန္ဒဖော်ထုတ်တာ” ဟူ၍ ဒေသခံတစ်ဦးကဆိုသည်။

ဇန်န၀ါရီ ၁၄ ရက် နံနက် ၁၁ နာရီတွင် အိုးဘိုတောင်ရပ်ကွက်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ဆန္ဒပြသူ ၃၀ ခန့်က လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကာ အိုးဘိုတောင် မြေယာသိမ်းဆည်းခြင်းကိစ္စ အမြန်ဆုံးဖြေရှင်းပေးရေး အပါအ၀င် အချက်လေးချက်ကို ကြွေးကြော်၍
တောင်းဆိုခဲ့ကြကြောင်း သိရသည်။

eleven media group

0 comments:

Post a Comment