16.2.14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း )တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း )တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ
ပူးတွဲကြေညာချက်



ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်၊ 
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၂) ရက်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ 
ဝင်ရောက်ယှဉ်ပြိုင်စဉ်ကပင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို 
အဖွဲ့ချုပ်၏ မူ(၃)ချက်ထဲမှ မူတစ်ခုအဖြစ် တရားဝင်ကြေညာခဲ့ပါသည်။ ယင်းသို့
ကြေညာခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲတွင်ပြုပြင်ပြောင်း
လဲရေးအတွက် ရည်ရွယ်ပြီး ဒီမိုကရေစီ စံနှုန်းများဖြင့် ညီညွတ်ရေး၊ တရားဥပဒေ
စိုးမိုးရေး၊ ငြိမ်းချမ်းချောမွေ့စွာ ပြုပြင်ပြောင်းလဲနိုင်ရေးတို့ကို ဦးတည်ခြင်း
ဖြစ်ပါ သည်။

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည်လည်း ရှစ်လေးလုံး
ငွေရတုညီလာခံတွင် တိုင်းရင်းသား
အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်း၍ချမှတ်ခဲ့သော 
အချက်(၃)ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးသော 
အချက်တစ်ချက်အဖြစ် ဆုံးဖြတ်ခဲ့ပြီး ဆက်လက်၍ အကောင်အထည်ဖော်ရေး
အတွက် လည်း အစဉ်တစိုက် ကြိုးစားလျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အခြေအနေတွင် 
နိုင်ငံတော်၏ အဓိကလိုအပ်ချက် ဖြစ်နေ ပါသည်။ သို့ပါ၍ စစ်မှန်သော
ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း(၁၂)တွင်ပါရှိသည့် 
ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့်
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

0 comments:

Post a Comment