16.2.14

WU-14 အမည်ရှိ အသံထက် မြန်သည့် ဒုံးကျည်ယာဉ်တစ်စင်း တရုတ် စမ်းသပ်မောင်းနှင်



တရုတ်နိုင်ငံသည် အသံထက် အဆပေါင်းများစွာ သွားနိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မြန်နှုန်းမြင့် ဒုံး ကျည်ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ် မောင်းနှင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ပင်တဂွန်စစ် ဌာန ချုပ်ကပြောကြားသည်။ အဆိုပါ
စမ်းသပ်မောင်းနှင်မှုသည် မြန်နှုန်းမြင့် ယာဉ်များနှင့်အတူ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်ခဲ့သည့် အမေရိကန် ပြည်ထောင်စု ပြီးနောက်တွင် တရုတ်နိုင်ငံကို မြန်နှုန်းမြင့်ယာဉ် စမ်းသပ်မောင်းနှင် သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်စေခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ အသံထက် ဆယ်ဆခန့်မြန်သည့် ဒုံးကျည်ယာဉ် စမ်းသပ်မောင်းနှင်မှုကို မိမိတို့အနေဖြင့် သတိပြု မိခဲ့သော်လည်း ၎င်းကိစ္စပေါ်တွင် မိမိတို့အနေဖြင့် တင်ပြချက် မပေးလိုကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ဖ်ပူးလ်က ပြောကြားသည်။ တရုတ်နိုင်ငံသည် wu-14 ဟု အမည် ပေးထား သော ၎င်းတို့၏ မြန်နှုန်းမြင့် ယာဉ်ကို ဇန်နဝါရီ ၉ ရက်တွင် စမ်းသပ် မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းယာဉ်၏ သွားနှုန်း မှာ အသံသွားနှုန်းထက် ၁ဝ ခန့် ပို၍ မြန်သည်ဟု ယူဆရကြောင်း Washington Free Beacon တွင် ထုတ်ပြန် သော အစီရင်ခံစာ တစ်စောင်အရ သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ အတည်ပြုပြော ကြားခဲ့ခြင်း မရှိသလို ငြင်းဆိုမှုလည်း မရှိခဲ့ဟု သိရသည်။

0 comments:

Post a Comment