14.10.14

ဘူဆန်ရုပ်ရှင် ပွဲတော်တွင် ထိုင်းရုပ်ရှင်ကားများ ပရိသတ် စိတ်ဝင်စားမှု အများအပြားရရှိ

စနေ နေ့က ပြီးဆုံး ခဲ့သည့် ၁၉ ကြိမ်မြောက် ဘူဆန် အပြည်ပြည် ဆိုင်ရာ ရုပ်ရှင် ပွဲတော်တွင် တောင်ကို ရီးယားနိုင်ငံနှင့် အီရန်နိုင်ငံမှ ဇာတ်ကားများသည်ဆုများကို သိမ်းကြုံးယူသွားနိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံမှ ပါဝင်ပြသခဲ့သည့် ဇာတ်ကား ခုနှစ်ကားသည်လည်း ပရိသတ်အများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် သည်နေးရှင်း သတင်းစာက ရေးသားသည်။

အဆိုပါပွဲတော်ကြီးတွင် ထိုင်းနိုင်ငံမှ “The Singers”၊ “The Teacher’s Diary”၊ “Fah-Gaem-To”၊ “Y/our Music”၊ “So Be It”၊ “W” နှင့် “That Day of The Month” စသည့် ဇာတ်ကား ခုနှစ်ကား ပါဝင်ပြသခဲ့ပြီး ဆုမရသော်လည်း ထိုင်းရုပ်ရှင်များကို ကောင်းမွန်စွာ တင်ဆက်ပြသနိုင်ခဲ့သည်။

ဝါရင့်ဒါရိုက်တာ နွန်ဇီနီမိဘု၏ “The Singers” ဇာတ်လမ်းတိုသည် ထိုင်းဘုရင် အတွက်စပ်ဆိုထားသည့် သီချင်းများကို ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား တိုများထဲမှ တစ်ခုဖြစ်ပြီး ဒါရိုက်တာ နီတီဝပ်သာရာထုံ၏ “The Teacher’s Diary” ဇာတ်ကားသည် ကျေးလက်မှ ဆရာနှင့်ဆရာမလေးတို့၏  ကြည်နူးဖွယ် အ ချစ်ဇာတ်လမ်းလေးဖြစ်သည်။

ဘန်ကောက်တွင် စက်တင်ဘာ ၄ ရက်က ရုံတင်ပြီးနောက် ပျောက်ချင်းမလှပျောက်သွားခဲ့သည့် “Fah-Gaem-To” ဇာတ်ကားထဲမှ မင်းသားဖြစ်သူပင်လန်ပရာ ပန်သည်လည်း ဘူဆန်ပွဲတော်သို့ တက်ရောက်ခဲ့ပြီး ပရိသတ်များနှင့်တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံ၏ ဂီတလောကအကြောင်းစုစည်းပြထားသည့်ဒါရိုက်တာဝါရာလုဟီရန်ဆရက်တာဝပ်နှင့်ဒေးဗစ်ရိဗ်တို့၏ “Y/our Music”မှတ်တမ်းရုပ်ရှင်သည်လည်း စိတ်ပါဝင်စားမှုအများအပြားရရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။

“So Be It” ဇာတ်ကားတွင်ထိုင်းအမေရိကန်ကပြား ၀ီလျံဆိုသည့် လူငယ်လေးသည် ကိုရင်ဝတ်ချင်သောကြောင့် ဘုန်းကြီးကျောင်းသို့ ပညာသင်ကြားရန်အပို့ခံ ထားရသူဖြစ်သည်။ ယင်းဘုန်းကြီးကျောင်းတွင်ရှိသည့်ဘန်ဒစ်ဆိုသည့်လူငယ်လေးသည်ဘုန်းကြီးကျောင်း၏ပတ်ဝန်းကျင်သစ်ကို မနှစ်သက်ပဲ ထွက်ပြေးသည့် အကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

“W” နှင့် “That Day of The Month” ဇာတ်ကားများသည် လောလောလတ်လတ်ဘွဲ့ရထားသည့် လူငယ်ဒါရိုက်တာများ၏ လက်ရာများဖြစ်သည်။

Mizzima

0 comments:

Post a Comment