14.10.14

ဒုတိယ ကမ္ဘာစစ်မီးကို မွှေးခဲ့သည့် ဟစ်တလာက မူးယစ်ဆေးစွဲသူ တစ်ဦး ဖြစ်ဟုဆို

ကမ္ဘာကြီးအား ဒုတိယ ကမ္ဘာစစ်မီးဖြင့် တောက်လောင် သွားစေခဲ့သူ ဂျာမနီအာဏာရှင် အဒေါ့ဖ်ဟစ်တလာသည် crystal methamphetamine ဆိုသည့် လက် ရှိမှောင်ခိုရောင်းချနေသည့် အပြင်းထန်ကြောက်စရာအကောင်းဆုံး စိတ်ကြွဆေးကို ပုံမှန်သုံးစွဲနေရသူတစ်ဦးဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးက ထုတ်ပြန်လိုက်သည်။

ပုံမှန်မဟုတ်ဘဲ ဗီဇသွေဖည်ဖောက်ပြန်သူတစ်ဦး အဖြစ်ပြောဆိုခံရသည့် ဟစ်တလာသည် crystal methamphetamine စိတ်ကြွဆေးနှင့် အတူ ဆေးဝါးပေါင်း ၇၄မျိုးကို အံ့သြစရာကောင်း လောက်အောင် သုံးစွဲခဲ့သူ တစ်ဦးဖြစ်ကြောင်း အမေရိကန် စစ်ထောက် လှမ်းရေး၏ စာမျက်နှာ ၄၇မျက်နှာရှိ စာတမ်း တွင်ဖော်ပြ ထားသည်။

crystal methamphetamine ဆေးဝါးသည် သုံးစွဲထား သူအား စိတ်တက်ကြွ ရွှင်လန်းစေကာ ဆရာတစ်ဆူ သဖွယ် အထင် ရောက်သွား စေသည့် မူးယစ်ဆေး အဖြစ် သတ်မှတ်ထားသည့် ဆေးတစ်မျိုးဖြစ်သည်။ စစ်ပွဲများအတွင်း သောက်သုံးထားသူစစ်သားများက စိတ်ခြောက်ခြားခြင်း၊နွမ်းလျခြင်းမ ရှိစေအောင် ဆေး စွမ်းထက်သည်။

ဂျာမနီနိုင်ငံ၏ ဖခင်ကြီး ဟစ်တလာသည် ၁၉၄၃ခုနှစ်အတွင်းက အီတလီအာဏာရှင် မူဆိုလီနီနှင့် တွေ့ ချိန်တွင် ယင်းဆေးဝါးသောက်သုံး ထားဖွယ်ရှိသည်ဟု မှတ်ချက်ချထားသည်။ ထိုတွေ့ ဆုံမှုတွင် ဟစ်တလာက နှစ်နာရီကျော် ကြာအောင် တောက်လျှောက် မရပ် တမ်း ဟိန်းဟောက်ခြိမ်းခြောက် သွားခဲ့သည်။
     
အမေရိကန် စစ်ထောက်လှမ်းရေး၏ ယခုစာ တွဲတွင် ပါးစပ်ပြောဒဏ္ဍာရီ ဖြစ်နေသည့် ဟစ်တလာ ၏ အကြောင်း တစ်ရပ်ကိုလည်း ဗွေဆော်ဦးဖွင့်ချထားသည်။ ဟစ်တလာသည် ဆွမ်မီးတိုက်ပွဲ အတွင်း ၎င်း၏ဝှေးစေ့တစ်လုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု စာတွဲတွင် အတည်ပြုချက်ပေး ထားသည်။
   
ဟစ်တလာသည် ဆေးပညာအခေါ်အားဖြင့် monorchid ခေါ် ဝှေးစေ့တစ်လုံးတည်းသာပါရှိပြီး မွေးဖွားခဲ့သူမဟုတ်ကြောင်း၊ထိုပြင် ဟစ်တလာသည် ကာမကျုး ကာ လိင်တူဆက် ဆံချင်းကို နှစ်သက်သူဖြစ်ပြီး ယင်းလျို့ ဝှက်ချက် မပေါက်ကြား ရန်အတွက် လူပေါင်း ၁၅၀ကို နှုတ်ပိတ် သတ်ဖြတ်ခဲ့ သူဖြစ်ကြောင်း ပြောဆို ချက်များကိုလည်း ယခုစာတမ်းက ချေဖျက်လိုက်သည်။
   
ဟစ်တလာ၏ ဆေးမှတ်တမ်းနှင့် ဟစ်တလာအားကု သမှုပေးသည့် စိတ်ဆရာဝန် သီယိုဒေါမိုရေးအပါအဝင် ဟစ်တလာဆရာဝန်များနှင့် တွေ့ ဆုံမေးမြန်းမှုများ ကို အခြေခံကာ စာတမ်းကို ၁၉၄၅ခုနှစ်နိုဝင်ဘာလအတွင်းက မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ``ဟစ်တလာဟာ ကာမဆက်ဆံမှုလွန်ကျုးကြမ်းတမ်းသူလည်းမ ဟုတ်သလို လိင်တူဆက်ဆံရတာကို စွဲလမ်းသူတစ်ယောက်လည်းမဟုတ်ဘူး။ သူ့ လိင်ပိုင်းဆိုင်ရာ အဂါင်္က ပုံမှန်ပဲဖြစ်တယ်``ဟု စာတမ်းတွင်ဖော်ပြထားသည်။

Ref: Daily Mail

0 comments:

Post a Comment