14.10.14

ပါကစ္စတန်အများစုက လူတန်းစားခွဲခြားဆက်ဆံခံရမှုအပေါ် စိန်ခေါ်မှုအဖြစ် ရှုမြင်နေကြ

ပါကစ္စတန်နိုင်ငံရှိ လူဦးရေ ၇၆ ရာခိုင်နှုန်းက လူတန်းစားမညီမျှမှုကို အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ထားပြီး ယင်းပမာဏ လူဦးရေတစ်ဝက် အောက်နည်းပါးသော လူများကသာ ၎င်းတို့၏ သားသမီးများတွင် ပိုမိုကောင်းမွန်သောအနာဂတ်အခွင့်အလမ်း များ ရှိမည်ဟု ယုံကြည်ထားကြကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

ဝါရှင်တန် အခြေစိုက် Pew Research Centre က  လူငယ်များ၏ အနာဂတ်စီးပွားရေး အလားအလာ အပေါ် စစ်တမ်းကောက် ယူခဲ့သော နိုင်ငံများတွင် စီးပွားရေးကောင်းမွန်သော လူတန်းစားများက အနာဂတ် မျိုးဆက်သစ်များအတွက် ငွေကြေးစီးပွားရေးဆိုင်ရာ အလားအလာများအပေါ် အကောင်းမြင်ထားခြင်းမရှိသော်လည်း ယင်းနှင့် ဆန့်ကျင်၍ အခြားသော ထွန်းသစ်စ နိုင်ငံများကမူ အနာဂတ်တွင် ၎င်းတို့မျိုးဆက်သစ်များ၏ လူနေမှုအဆင့်အတန်းများ မြင့်မားမည်ဟု ဖြေကြားခဲ့သည်။

“ ယနေ့ခေတ် ကလေးတွေ ကြီးလာတဲ့အခါ သူတို့ရဲ့ ၀င်ငွေပိုင်း တိုးတက်မှာလားလို့ မေးတဲ့အခါမှာ ပါကစ္စတန် ၄၈ ရာခိုင်နှုန်းက တိုးတက်လိမ့်မယ်လို့ ပြောကြားပြီး ၂၈ ရာခိုင်နှုန်းကတော့ ဆုတ်ယုတ်လိမ့်မယ်လို့ ဖြေပါတယ်” ဟု ယင်းစစ်တမ်းတွင် ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် အနာဂတ်မျိုးဆက်သစ်များအပေါ် ထင်မြင်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်း သိသိသာသာပြောင်းလဲလာခဲ့သည်။

ထို့ပြင် ယင်းစစ်တမ်းအရ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် လူငယ်များ အနာဂတ်အတွက် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုများလည်း ကျဆင်းနေသည်ဟု သိရသည်။

ပါကစ္စတန်တွင်လည်း လူငယ် ၆၆ ရာခိုင်နှုန်းသည် နိုင်ငံတွင်း၌ သာ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေလျက်ရှိပြီး အခြားသော ၂၆ ရာခိုင်နှုန်းသည်သာ ပြည်ပထွက်လိုကြခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းက ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေရှ် နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းတွင် ဖြေကြားသည့် စီးပွားရေး အင်အားကောင်းမွန်သော လူတန်းစား၏ ၆၅ ရာခိုင်နှုန်းက ၎င်းတို့ နိုင်ငံများရှိ ကလေးငယ်များ၏ အနာဂတ် စီးပွားရေးအလားအလာမှာ မိဘများလက်ထက်ကထက် ပိုမို ဆုတ်လျော့လိမ့်မည်ဟု ဖြေကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment