16.10.14

အမေရိကန်သူနာပြုတဦး အီဘိုလာရောဂါ ထပ်မံကူးစက်ခံရ


အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အီဘိုလာရောဂါသည် သောမတ်စ် အဲရစ် ဒန်းကန်(Thomas Eric Duncan)ကို ဆေးကုသ ပေးခဲ့တဲ့ သူနာပြုနောက်တယောက်လည်း အီဘိုလာရောဂါကူးစက်ခံရတာကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

bigသူ့ကို ရောဂါကူး စက်ခံရတာ သိသိချင်း အောက်တိုဘာ ၁၄ ရက်နေ့က သီးသန့် ဆေးကု သမှုပေးနေပြီ လို့ ဆေးရုံက ဆိုပါတယ်။

သူနာပြုနဲ့ အနီးကပ်လက် ပွန်းတတီးနေခဲ့သူတွေကို အသေး စိတ် စစ်ဆေးမေးမြန်းနေပြီး အနီးကပ် စောင့်ကြည့်ရမယ်လို့ ဆေးရုံက ဆိုပါတယ်။

အမေရိကန်မြေပေါ်မှာ ပထမဆုံးကူးစက်ခံရတဲ့ သူနာပြုကတော့ အသက် ၂၇ နှစ်အရွယ် ဗီယက်နမ်သူနာပြု နီနာဖန်(Nina Pham) ဖြစ်ပါတယ်။

သူကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒုတိယတယောက်ကို စစ်ဆေး တွေ့ရှိခဲ့တာပါ။

အခုလို ကူးစက်ခံရသူ နောက်တဦးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမေရိကန် ကူးစက်ရောဂါဌာနကလည်း အလွန်အမင်း စိုးရိမ်ခဲ့ရပြီး နောက်ထပ် ကူးစက်မှုတွေ မဖြစ်လာအောင် ပြင်ဆင်ဆောင်ရွက်စရာအားလုံး လုပ်ထားတယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment