16.10.14

ပါလက်စတိုင်းကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်ရန် ဘန်ကီမွန်းတိုက်တွန်း


ပါလက်စတိုင်း နိုင်ငံကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတည်ထောင်နိုင်ရေးအတွက် အဓိကထား ရည်ရွယ်ကြပါရန် ပါလက်စတိုင်း ခေါင်းဆောင်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။

အစ္စရေး ကျူးကျော်စစ်အပြီး ပြန်လည်ထူထောင်ရန် ရုန်းကန်နေရသည့် ဂါဇာသို့ ရောက်ရှိချိန်၌ ဘန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပါလက်စတိုင်းတွင် အစိုးရအဖွဲ့ကို မာမွတ်အဘက်စ်က ဦးဆောင်နေသော်လည်း ဂါဇာကို ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဟားမားစ်တို့က အဓိက ထိန်းချုပ်ထားသည်။ အဆိုပါ အုပ်စုများသည် ပါလက်စတိုင်းတွင် နိုင်ငံရေးအရ သိသိသာသာ အားပြိုင်မှုများ ရှိနေသည်။

ပါလက်စတိုင်း အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ချိန်တွင် ဘန်က “ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေတာပါ။ နိုင်ငံတကာ အသိုက်အဝန်းက ခင်ဗျားတို့ အစိုးရရဲ့ ဂါဇာဒေသ လုံခြုံရေးအပေါ် တာဝန်ယူ အားထုတ်မှုတွေကို ထောက်ခံ အားပေးပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက ကုလသမဂ္ဂ၊ အစ္စရေးနှင့် ပါလက်စတိုင်း အစိုးရတို့ကြား သဘောတူညီမှုအရ ဂါဇာသို့ ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းရန် အစ္စရေးက ခွင့်ပြုခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့သည်။ “ဒါဟာ အနောက်ဘက် ကမ်းခြေဒေသနဲ့ ဂါဇာတို့ကို ပါလက်စတိုင်းရဲ့ ဦးဆောင်မှု တစ်ခုတည်းအောက်မှာ ပေါင်းစည်းဖို့ အခွင့်ကောင်း တစ်ရပ်ပါပဲ။ ဒီအချက်က အရမ်းအရေးကြီးပါတယ်”ဟု ဘန်က မှတ်ချက်ပြုခဲ့သည်။

၎င်းက ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွင် အဘက်စ်၏ ပါလက်စတိုင်း အစိုးရ အနေဖြင့် သတိပြု အားထုတ်သင့်သည့် ကဏ္ဍအချို့ကိုလည်း ဆွေးနွေးသွားခဲ့သည်။

_Ref: Dawn

0 comments:

Post a Comment