16.10.14

'ဝ'နယ်မြေနှင့် ထိစပ်လျက်ရှိသည့် SSA/SSPP စခန်းများ ဆုတ်ခိုင်းမှုအပေါ် SSPP ဖွဲ့မှကန့်ကွက်မည်


'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း SSA/SSPP ၏ စခန်း များ ရုပ်သိမ်းပေးရန် ရှမ်းပြည်နယ် အစိုးရ က အကြောင်းကြားစာ ပေးပို့သည့်ကိစ္စကို UPWC ထံ တင်ပြ ကန့်ကွက်သွား မည်ဖြစ် ကြောင်း SSA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် အ တွင်း သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ရှမ်း ပြည်တပ်မတော်၏ တပ်စခန်းများနှင့် လှုပ် ရှား စစ်ကြောင်းများကို အားလုံး ရုပ်သိမ်း သွားရန် စခန်းများကို နမ့်ပန်ဒေသအထိ ဆုတ်ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ် စားနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အောက် တိုဘာ ၉ ရက်က အကြောင်းကြားစာ ပေး ပို့ခဲ့ကြောင်း SSA အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးကြီးစဝ်ခွန်ဆိုင်က ပြောသည်။
''ရှေ့လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုလုပ်ငန်းကော်မတီနဲ့ တွေ့ဖို့ရှိတယ်။ တာ ဖာဆောင်ကိစ္စရော ဒီတန့်ယန်းဘက်က စခန်း တွေကိစ္စရော ပြောဖြစ်မယ်။ တန့်ယန်းဘက် ကစခန်းတွေ ရွှေ့ခိုင်းတာကိုတော့ ကန့်ကွက် သွားမှာပါ''ဟု ၄င်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံ ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင် သူထံဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေ ကြားခြင်းမရှိပေ။
''အခု ရွှေ့ခိုင်းတဲ့နေရာတွေမှာ ကျွန် တော်တို့အဖွဲ့တွေက နေလာတာ ကြာပါပြီ။ တောထဲကစခန်းတွေပဲ၊ ကားလမ်းတွေမှာ ရှိတဲ့ နေရာတွေလဲမဟုတ်ဘူး''ဟု ဗိုလ်မှူး ကြီးစဝ်ခွန်ဆိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ စစ်ရေးနိုင်ငံရေးလေ့ လာသူတစ်ဦးကမူ တန့်ယန်းမြို့နယ်အတွင်း ရှိ ယင်းနေရာဒေသများသည် 'ဝ'တပ်ဖွဲ့နှင့် ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များအကြား စစ်ရေးအရ အရေးပါသည့် နေရာများဖြစ် သဖြင့် ယင်းသို့ ဆုတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။
''အဓိက, ကတော့ 'ဝ' နဲ့ အခြားလက် နက်ကိုင်အဖွဲ့တွေအကြားမှာ ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ ယူဆချက်မျိုးရှိပုံရတဲ့အတွက် အဲဒီနေရာတွေကနေ ဖယ်ခိုင်း တာပါ။ အဲ ဒါမှလဲ တခြား လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်နိုင်မှာလေ။ ဒါ့အပြင် အခု ဖယ်ခိုင်းတဲ့ လွယ်လန်းတို့ ဘာတို့ဆိုတာ အမြင့် ပိုင်းမှာရှိတယ်။ စစ်ရေးအရ အရေးပါတယ်။ အနိမ့်ဆုံးကတော့ 'ဝ'နယ်ထဲမှာရှိတဲ့ ပန်ယန်းကို ပစ်လို့ကောင်းတဲ့ နေရာတွေပဲ။ သံလွင်မြစ်ကို ကူးလိုက်ရင် ပန်ယန်းကအ နိမ့်ပိုင်းမှာလေ''ဟု အဆိုပါလေ့လာသူက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ တိုက်ပွဲ များဖြစ်ပွားခဲ့သည့် တာဖာ့ဆောင်ဒေသ သည် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဌာ နချုပ် ဝမ်ဟိုင်းနှင့် ယခင်ဌာနချုပ် ဟောင်း စိန်ကျော့တို့ကို ဆက်သွယ်သည့်လမ်းကြောင်း ပေါ်တွင်တည်ရှိပြီး စစ်ရေး ၊ စီးပွားရေး အရ အရေးပါသည့် လမ်းကြောင်းဖြစ်ကြောင်း လည်း သိရသည်။ ယင်းဒေသမှ တပ်မတော် စစ်စခန်းများမှာ ယနေ့အချိန်အထိ ဆုတ် ခွာပေးခြင်း မရှိသေးသော်လည်း အောက် တိုဘာလ ပထမပတ် တိုက်ပွဲများ အတွင်း ပိတ်ထားခဲ့သည့် ကျေးသီး-မိုင်းရယ်-တန့် ယန်းကားလမ်းနှင့် ကျေးသီး-မိုင်းရှူးလမ်း များကိုမူ တပ်မတော်ဘက်မှ ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

Yangon Times Journal

0 comments:

Post a Comment