17.10.14

တောင်းငွေမပေးရင် ဂျာမနီ ၂ ဦးကို သတ်မည်ဟု ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက အဘူဆေးယက်(Abu Sayyaf) မွတ်စလင်အကြမ်းဖက်အဖွဲ့ က သူတို့ ဖမ်းဆီးထားတဲ့ ဂျာမနီနိုင်ငံသား ၂ ဦးအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်းမပေးရင် အောက်တိုဘာ ၁၇ ရက် ဒီနေ့ ညနေ ၃ နာရီမှာ ခေါင်းဖြတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အရင်တခါကလည်း အခုလိုပဲ ခြိမ်းခြောက်ခဲ့ပြီး အခု တကြိမ်ကတော့ သက်တမ်းတိုး ပေးထားတာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက အိုင်အက်စ်စစ်ဆင်ရေးမှာ ဂျာမနီနိုင်ငံအနေနဲ့ မပါဖို့လည်း အဘူဆေးယက်အဖွဲ့က တောင်းဆိုထားပါတယ်။

ဒါကြောင့် သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံတောင်ပိုင်းက ဂျိုလို(Jolo) ကျွန်းမှာ ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောဆိုပါတယ်။

ဖိလစ်ပိုင်စစ်တပ်ရဲ့ လူထုဆက်ဆံရေးအရာရှိက “ဓားစာခံတွေ ဘေးမသီရန်မခ ပြန်လည် လွတ်မြောက်ရေးဟာ ပထမဦးစားပေးဖြစ်ပြီး ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင်တွေကိုလည်း ဂျိုလို ကျွန်းမှာ တပ်ချထားတယ်” လို့ ပြောဆိုပါတယ်။

အဘူဆေးယက် မွတ်စလင်အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့ကို မကြာခင်က သစ္စာခံထားကြပါတယ်။

အဘူဆေးယက်အကြမ်းဖက်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်နိုင်ငံအဖြစ် သီးသန့် ခွဲထွက်ခွင့်ရဖို့ အကြမ်းဖက်တိုက်ပွဲဝင်နေကြပါတယ်။

DVB

0 comments:

Post a Comment