17.10.14

ဗဟိုအာဖရိကတွင် ကုလသမဂ္ဂတပ်နှင့် ခရစ်ယာန်တပ်ဖွဲ့ တိုက်ခိုက်မှုဖြစ်


ဗဟိုအာဖရိကသမ္မတနိုင်ငံ ဘန်ဂူအီ (Bangui) မြို့တော်မှာ မွတ်စလင်ဆန့်ကျင်ရေး ခရစ်ယာန်တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

869-Christian-Militia-Attacks-UN-Peacekeepers-in-Central-Africanကုလသမဂ္ဂတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရရခဲ့ကြပြီး ရာနဲ့ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးကြရပါတယ်။

ခရစ်ယာန်တပ်ဖွဲ့ဝင်တွေ ချထားတဲ့ အရံအတားတွေကို ကုလသမဂ္ဂတပ်ဖွဲ့က ဖယ်ရှားတာ က ပြဿ      နာစတယ်လို့ ပြောပါတယ်။

ခရစ်ယာန်တပ်ဖွဲ့တွေက အိမ် ၂၂ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ ၂ ဦးဟာ အဲဒီအိမ်တွေ မီးရှို့ခံရပြီး သေဆုံးသွားတာပါ။

သမ္မတ ဆန်ဘာ ပန်ဇာ (Samba Panza) ရဲ့အသွင်ကူးပြောင်းရေးအစိုးရက လတ်တလော မြို့တော်က အကြမ်းဖက်မှုတွေအတွင်း လူ ၁၂ ဦး သေဆုံးသွားခဲ့ကြပြီး အစိုးရအုပ်ချုပ်ရေး မတည်ငြိမ်အောင် တမင် ရည်ရွယ်လုပ်နေတာလို့ ပြစ်တင်ပြောဆိုပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၃ မတ်လက စတင်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ ပဋိပက္ခ ဖြစ်ပွားနေတာပါ။

ဘာသာရေးပဋိပက္ခတွေ ဆက်မဖြစ်အောင် ပြင်သစ်တပ်ဖွဲ့တွေနဲ့ အာဖရိကငြိမ်းချမ်းရေး တပ်ဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ၀င်ရောက်ထိန်းသိမ်းပေးနေရတာလည်း ဖြစ်ပါတယ်

DVB

0 comments:

Post a Comment