17.10.14

နျူကလီးယား လက်နက် တပ်ဆင်သယ်ဆောင်နိုင်သော ခရုဇ်ဒုံးကျည်ကို အိန္ဒိယ စမ်းသပ်ပစ်လွှတ်


သောကြာနေ့က နျူကလီးယား လက်နက် တပ်ဆင်သယ်ဆောင်နိုင်သော ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည် Nirbhay ကို နိုင်ငံအရှေ့ပိုင်း အောဒစ်ရှပြည်နယ်ရှိ စမ်းသပ်ပစ်ခတ်ကွင်းတစ်ခုမှ အိန္ဒိယက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ ကြောင်း သတင်းရင်းမြစ်ဖျားက ပြောကြားခဲ့သည်။
ချန်ဒီပူရ်ရှိ ပေါင်းစည်းစမ်းသပ်ပစ်ကွင်းမှ ဒေသစံတော်ချိန် နံနက် ၁၀နာရီတွင် မြေပြင်မှ မြေပြင်ပစ် ၄င်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အဆိုပါ သတင်းရင်းဖြစ်များက ပြောကြားခဲ့သည်။

Ref: Xinhua

0 comments:

Post a Comment