17.10.14

IS ကို ရင်ဆိုင်ရန် ဆီးရီးယားနယ်စပ်တစ်လျှောက် တူရကီအင်အားဖြည့်တင်း


ဆီးရီးယားရှိ IS တို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် တူရကီ-ဆီးရီးယား နယ်စပ် တစ်လျှောက် လုံခြုံရေးအင်အား နောက်ထပ်တိုးမြင့်ခဲ့ပြီး တူရကီ အရှေ့တောင်ပိုင်း သို့ တင့်ကားများ စေလွှတ်ခဲ့ကြောင်း စီဟန် သတင်းအေဂျင်စီက အောက်တိုဘာ ၁၆ ရက်တွင် အစီရင်ခံခဲ့သည်။
ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ကာဒ့်မြို့ကိုဘိန်း၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိစဉ် တူရကီက ဂါဇီယန်တက် ပြည်နယ်မှ စစ်ယာဉ်များကို ဆိးရီးယားနယ်စပ်ရှိ ကီလစ်ပြည်နယ်သို့ စေလွှတ်ခဲ့သည်။

Ref: Xinhua

0 comments:

Post a Comment