13.7.15

အနိမ့်ဆုံးလုပ်ခလစာနှင့်ပတ်သက်၍ အစိုးရပါဝင်ဖြေရှင်းရန်လိုအပ်ဟု ကဏ္ဍပေါင်းစုံမှလုပ်ငန်းရှင်များ တောင်းဆို


အမျိုးသားကော်မတီမှ အဆိုပြုထားသည့် တစ်ရက် အ နိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် နှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခု တည်း ဖြေရှင်း၍ မဖြစ်နိုင်ဘဲ နိုင် ငံတော်အစိုးရအဆင့်က ပါဝင်ဖြေရှင်းပေးရန်
လိုအပ်နေသည်ဟု ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

အနိမ့်ဆုံး လုပ်ခကြေးငွေ အဆိုပြုနှုန်းထားနှင့်ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ကုန်သည်စက် မှုအသင်းချုပ်၌ ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များပါဝင်သည့်ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် လုပ်ငန်းရှင် များက နိုင်ငံတော်မှ ပါဝင်ဖြေရှင်း ပေးသည့်အချက်များကို အဓိက ထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့ အဓိကတင်ပြခဲ့ကြ တာတော့ အစိုးရပါဝင်လာရေးပဲ။ အလုပ်ရှင်၊ အလုပ်သမား၊ ဝန် ကြီးဌာန ဒီသုံးခုတည်းနဲ့ ဖြေရှင်းလို့ အဖြေထွက်လာမှာ မဟုတ် ဘူး။ လောလောဆယ်မှာ အစိုးရ က လွတ်နေတာပေါ့။ တကယ်ဆို အစိုးရ ပါဝင်ကူညီမှုတွေ ရှိမှပဲ အဆင်ပြေမယ့် အပိုင်းတွေ ရှိနေ တယ်’’ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြား သည်။


အဆိုပါ အစည်းအဝေးတွင် ကုန်သည်စက်မှုအသင်းချုပ်လက် အောက်ရှိ လုပ်ငန်းရှင်များအားလုံး၏ သဘောထားအမြင်ကို အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းကန့်ကွက်၊  အကြံပြုရမည့် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တောင်းခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် လုပ်ငန်းရှင်များတင်ပြဆွေးနွေးခဲ့ သည့် အကြောင်းအရာများကို ကုန်သည်စက်မှုအသင်းချုပ်က မှတ်တမ်းရယူထားပြီး နိုင်ငံတော် အစိုးရထံသို့ တင်ပြပေးမည်ဟု အသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင်က ပြောကြားခဲ့ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ဆိုသည်။

‘‘ဒီနေ့လည်း နေပြည်တော် မှာ အသင်းချုပ်ဥက္ကဋ္ဌက အစိုးရ အဖွဲ့ကို လုပ်ငန်းရှင်တွေရဲ့အခက် အခဲကို တင်ပြခဲ့တယ်တဲ့။ အခု အစည်းအဝေးက လုပ်ငန်းရှင်တွေ ပြောတဲ့အချက်တွေကိုလည်း သူ့ အနေနဲ့ အစိုးရအဖွဲ့နဲ့တွေ့ဆုံတဲ့ အခါမှာ ထပ်ပြီး တင်ပြသွားမယ် လို့ ပြောတယ်’’ဟု ဦးအေးသောင်း က ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် နှင့် လုပ်ငန်းရှင်များတွေ့ဆုံသည့် အစည်းအဝေးပွဲကို သတင်းမီဒီ ယာများအား ဝင်ရောက်ခွင့်မပြု ဘဲ ၂ နာရီကျော်ကြာ တံခါးပိတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်၍ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းချုပ်လက်အောက် ရှိ လုပ်ငန်းရှင် ၁၇၇ ဦးက တစ် ရက်လုပ်ခ ၃၆၀၀ ကျပ်ပေးရန် အခက်အခဲရှိကြောင်း တင်ပြထား ကြောင်း ယင်းအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

Credit to>>>7 Day Daily

0 comments:

Post a Comment