13.7.15

ဒေါက်တာမောင်မောင်လေး နိုင်ငံတကာဆက်ဆံရေးကော်မတီခေါင်းဆောင် UMFCCI ဒုတိယဥက္ကဋ္ဌ


ယခုတစ်ပတ် ဖလားဝါးနယူးစ်ဂျာနယ်ရဲ့ပညာရှင်ကဏ္ဍမှာ ဒေါက်တာမောင်မောင်လေးက ဇူလိုင် ၇ရက် ပြည်ထောင်စုလွှတ်တော်အစိုးရက ဒဂုံစီးတီးစီမံကိန်းအပါအဝင် ရွှေတိဂုံစေတီ တော်အနီး စီမံကိန်းအားလုံး ရပ်ဆိုင်းမယ်ဆိုတဲ့ ထုတ်ပြန်လိုက်တဲ့အပေါ် သုံးသပ်ထားပါတယ်။ ဝန်ကြီးဌာနတွေရဲ့
အတွေ့အကြုံအားနည်းမှုကြောင့် ယခုလိုဖြစ်သွားရတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ ဟာလည်း တစ်ဆင့်ပြီးတစ်ဆင့် လေ့လာမှုများပြုလုပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်တယ်ဆိုတဲ့အကြောင်း အောက်ပါအတိုင်း
ဒေါက်တာမောင်မောင်လေးကပြောကြားထားရာ ...

==================================================

''ရွှေတိဂုံဘေးက စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေ က
အတွေ့အကြုံရှိပုံမပေါ်ဘူး။ ခပ်ပေါ့ပေါ့စဉ်းစားပြီး ရိုးရိုးရှင်းရှင်းပဲ လုပ်လိုက်ပုံရတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် တို့၊ လူမှုပတ်ဝန်းကျင်တို့ ထည့်သွင်းစဉ်းစားလာတယ်ပေါ့။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေမှာလဲ ဒါတွေရှိပါတယ်။ ဒါ ပေမဲ့ သိပ်ဂရုမစိုက်ဘူး။
ဒါတွေကို ခပ်ပေါ့ပေါ့ပဲစဉ်းစားပြီးတော့ အတွေ့ အကြုံမရှိတဲ့
အပိုင်းလို့တော့မြင်တယ်။

ဒါမျိုးကိစ္စတွေက မစခင်ကတည်းက အများကို ချပြသင့်တဲ့
ကိစ္စ တွေပါ။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ထိမ်ချန်ထားတဲ့ အပိုင်းမှာတော့ရှိတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေအနေနဲ့လဲ ပညာသည်တွေရဲ့ အကြံ Óဏ်တွေယူပြီးမှပဲ ရင်းနှီးမြှုပ်နှံမှုလုပ်သင့်တယ်လို့ထင်ပါတယ်။

ဥပမာ-မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအခြေအနေကိုကြည့်ပြီး အမေရိကန်ကလုပ်ငန်းရှင်တွေဝင်လာဖို့ရှိပါတယ်။ အမေရိကန်တို့က ဝင် လာမယ်ဆိုရင် ပညာရှင်တွေအရင်ရောက်လာတယ်။ ပြီးရင် ရှေ့နေတွေ ရောက်လာတယ်။ သူတို့ရဲ့ စံချိန်စံနှုန်းတွေ၊ တာဝန်ယူနိုင်မှုတွေ လေ့လာ တယ်ပေါ့။ အာမခံကုမ္ပဏီတွေ လာတယ်။ ပြီးမှ လုပ်ငန်းရှင်တွေလာတယ် ပေါ့ ။
တစ်ဆင့်ပြီးမှတစ်ဆင့်လာကြတယ်။ အကြီးစားတွေကတော့ ဒီလိုပဲ လာကြပါတယ်။ တစ်ဆင့်ပြီးမှတစ်ဆင့်မလာဘဲနဲ့ ဒီမှာရှိတဲ့ကိုယ်စားလှယ် နဲ့ ဟိုမှာရှိတဲ့ကိုယ်စားလှယ် ပေါင်းရိုက်လိုက်ရင်တော့ မှားကုန်တာပေါ့။

သေချာလေ့လာမှုမလုပ်ဘဲ အချိန်မကုန်သင့်ဘဲကုန်တာ၊ ငွေ ကြေးမကုန်သင့်ဘဲ ကုန်တာတွေဖြစ်လာတာပေါ့။ နောက်ဆုံး တရားဝင် ပယ်ဖျက်ပေးဖို့ တောင်းဆိုလာတော့ သမ္မတရုံးက ဝင်ပါလာရတာတွေဖြစ် လာရတယ်။ သစ်ပင်ခုတ်လှဲတာတွေရှိတယ်။ ကုမ္ပဏီဘက်မှာဆိုရင် ဝင်းခြံ ခတ်တာတွေရှိတယ်။ ပညာရှင်တွေခေါ်ပြီး ဒီဇိုင်းဆွဲတာတွေ ရှိမယ်၊ စက်ပစ္စည်းတွေရှိမယ်။ ဘယ်သူတွေကျခံမလဲဆိုတဲ့ ပြဿနာတွေ ရှိနိုင်တယ်။ ဒါတွေ ကြိုတင်စဉ်းစားသင့်တာပေါ့''။
Credit to>>> Yangon Media Group

0 comments:

Post a Comment