13.7.15

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်လက်မှတ်ထိုး၍ နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန်သဘောတူ

ရွးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးပြီး နိုင်ငံ ရေးဆွေးနွေးပွဲများ  စတင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးအလွတ် သဘောအစည်းအဝေး၌သဘောတူညီခဲ့ကြောင်း သတင်း ရရှိသည်။


 ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ သည့် အဆိုပါအလွတ်သဘော အစည်းအဝေး၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC)၊ ရှမ်း ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)အပါအဝင် တိုင်း ရင်းသား  လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများနှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟို ဌာန(MPC)မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

‘‘NCA လက်မှတ်ရေးထိုး မယ့် Political Dialouge ကိုတစ် ကြိမ်လောက်တော့ စနိုင်အောင် လုပ်ကြမယ်ပေါ့’’ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြော သည်။


ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် ရခိုင်အမျိုးသားပါတီ (ANP)ဗဟိုအလုပ်အမှုဆောင် ဦးဦးလှ စောက ယင်းဆွေးနွေးပွဲတွင် ရွေး ကောက်ပွဲမတိုင်မီ NCA ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင် ရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အ လားအလာကောင်းမွန်ခဲ့ကြောင်း ပြောသည်။

‘‘NCA လက်မှတ်ရေးထိုးရင် Political Dialouge စဖို့မူကြမ်း တစ်ခုတော့လိုတယ်။ ပြီးတော့ ညှိရဦးမှာပေါ့။ ကြိုပြင်ဆင်တဲ့ အစည်းအဝေးပါ’’ဟု ၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန်က ရွေး ကောက်ပွဲမတိုင်မီ NCA လက် မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက် မည်ဟု ဇူလိုင်လဆန်းက ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ပြီး ကရင်အမျိုးသားအစည်း အရုံးအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်အချို့က သဘော တူညီကြောင်း ပြောကြားခဲ့သည်။
Credit to>>>7 Day Daily

0 comments:

Post a Comment