10.7.15

ပါကစ္စတန်မှ ဂျက်တိုက်လေယာဉ်များကို ပထမဆုံး မြန်မာ ဝယ်ယူ


Dunya news သတင်းဌာန၏ ကြာသာပတေးနေ့ က ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် ပါကစ္စတန်မှ JF - 17 Thunder အမျိုးအစား ဂျက်တိုက် လေယာဉ်များကို ပထမဦးဆုံး ဝယ်ယူသော နိုင်ငံ ဖြစ်လာခဲ့သည်။
ပထမအသုတ်ဝယ်ယူမှုတွင် စီးရေ အရေအတွက် ၁၆ စီး ဖြစ်၍ ပါကစ္စတန်က အရေအတွက် နှစ်ဒါဇင်ကျော် ရောင်းချနိုင်ရေးကို စိတ်ဝင်စားလျက် ရှိသည်။ နှစ်ဘက် သဘောတူညီမှုအရ ပါကစ္စတန်နိုင်ငံသည် ၎င်းဂျက်တိုက် လေယာဉ် များ ထိန်းသိမ်းမွမ်းမံသွားနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းဝယ်ယူမှုကိစ္စအား နှစ်နိုင်ငံ အနေနှင့် ယခင် မတ်လအတွင်းက စတင် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ညှီနှိုင်း ဆွေးနွေးမှုများတွင် JF-17 Thunder တိုက်လေယာဉ်များ အား အခြားနိုင်ငံများသို့ ဆက်လက်ရောင်းချ သွားနိုင်ရေးအတွက်ပါ ထည့်သွင်းဆွေးနွေးသွားခဲ့စသည်ဟု ဆိုသည်။
Credit >>>Yangon Media Group

0 comments:

Post a Comment