14.9.15

AEC ဖြစ်လာပါက ပြည်တွင်း လုပ်ငန်းရှင်များ အခက်မတွေ့စေရန် ဥပဒေ ရေးဆွဲပြီးစီး

အာဆီယံစီးပွားရေးအ သိုက်အ၀န်း (AEC) တွင် ပြည်ပထုတ်ကုန်များ လွတ်လပ်စွာဝင်ရောက်လာပါက ပြည်တွင်းထုတ်ကုန်များ ဈေးကွက်၌ အခက်အခဲမဖြစ်ရန် သွင်းကုန်မြင့်တက်ခြင်းအပေါ် ကာကွယ်သည့် ဥပဒေကြမ်းရေးဆွဲပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ဥပဒေကြမ်းကို စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနနှင့် သက် ဆိုင်ရာဌာနများက ပူးပေါင်းရေး ဆွဲခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦး ဆောင်ကာ လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံတကာကုန်သွယ် ရေးဌာနများနှင့် သက်ဆိုင်ရာဌာန တို့ ဥပဒေကြမ်းနှင့် ပတ်သက် သည့် ဆွေးနွေးပွဲတစ်ခုကို နေ ပြည်တော်တွင် စက်တင်ဘာ ဒုတိယပတ်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်း စီးပွားရေးလုပ် ငန်းရှင်များ အာဆီယံဒေသတွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ က စီးပွားရေးပြုပြင်ပြောင်းလဲမှု များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ကုန်သွယ်မှုတိုးမြင့်နိုင် ရေးအတွက် ကုန်သွယ်မှု မူဝါဒ အသစ်များ ချမှတ်ခြင်း၊ လိုအပ် သည့် ဥပဒေအသစ်များ ပြဋ္ဌာန်း ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ဖြေ လျှော့ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေတွင် ပြည် တွင်း ကုန်ထုတ်လုပ်သည့် လုပ် ငန်းများအတွက် အကာအကွယ် ပေးသည့်အချက်များနှင့် ပြည်ပ ထုတ်ကုန်များနှင့် ဈေးကွက်တွင်း တွင် ယှဉ်ပြိုင်နိုင်ရန် ကာကွယ် ပေးသည့် အချက်များ ပါဝင် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ကုန်သွယ်မှု အဆင်ပြေချော မွေ့စေရေးအတွက် နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့ (WTO) နှင့် ပူး ပေါင်းပြီး ကုန်သွယ်မှုဆိုင်ရာဖြေ လျှော့ခြင်းများ လုပ်ဆောင်နေ သကဲ့သို့ ကုန်သွယ်မှုမြှင့်တင်ရေး စီမံကိန်းတစ်ခုဖြစ်သည့် အမျိုး သား ပို့ကုန်မဟာဗျူဟာ ငါးနှစ် တာ စီမံကိန်းကို ယခုဘဏ္ဍာနှစ်မှစတင်ပြီး ဆောင်ရွက်လျက်ရှိ သည်။
 
Credit To >>> 7Day News

0 comments:

Post a Comment