14.9.15

အာမခံကုမ္ပဏီများကို ထပ်ဆင့်အာမခံမည့် JLT ကုမ္ပဏီ ကိုယ်စားလှယ်ရုံး ရန်ကုန်တွင် ဖွင့်လှစ်

 ပြည်တွင်းမှ အာမခံကု မ္ပဏီများကို ထပ်ဆင့်အာမခံပေး မည့် ဗြိတိန်ကုမ္ပဏီ JLT က စက် တင်ဘာ ၁၂ ရက်တွင် ကိုယ်စား လှယ်ရုံးခန်းစတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ထပ်ဆင့်အာမခံပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းလုပ်ငန်းများ လာရောက်လုပ်ကိုင်သည့် JLT သည် သုံးခုမြောက်လာရောက်ဖွင့် လှစ်သည့်အာမခံကိုယ်စားလှယ် အဖွဲ့ဖြစ်ပြီး မြန်မာပြည်သို့ ယခင် ကလာရောက်လုပ်ကိုင်ခဲ့ဖူးသည့် ကုမ္ပဏီဟောင်းတစ်ခုဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက  ပြောကြားသည်။
JLT သည် လက်ရှိ ကိုယ်စား လှယ်ရုံးခန်းဖွင့်လှစ်နေသည့် နိုင် ငံခြား အာမခံကုမ္ပဏီများနှင့် အ မျိုးအစား မတူဘဲ ပြည်တွင်း၌ လက်ရှိဖွင့်လှစ်နေသည့် အာမခံ ကုမ္ပဏီများအပေါ် ထပ်ဆင့်အာမ ခံပေးခြင်းလုပ်ငန်းပိုင်းဆိုင်ရာ အ ကြံပေး လုပ်ငန်းများကို အကျိုး ဆောင်လုပ်ကိုင်ပေးခြင်း၊ ပြည် တွင်းအာမခံကုမ္ပဏီများကို ပြည် ပအာမခံကုမ္ပဏီကြီးများနှင့်ချိတ် ဆက်ပေးခြင်း လုပ်ငန်းများ လုပ် ကိုင်သည့် ကုမ္ပဏီအမျိုးအစားမျိုး သာဖြစ်ကြောင်း ဒေါက်တာမောင် မောင်သိမ်းကပြောသည်။
JLT သည် လေကြောင်းဆိုင် ရာ လုပ်ငန်းများ၊ စွမ်းအင်နှင့်ရေ ကြောင်းဆိုင်ရာ လုပ်ငန်းများ၊ ဘ ဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် လတ်တလော အတိုင်ပင်ခံ လုပ်ငန်းများ လုပ် ဆောင်နေသည့် ကုမ္ပဏီ ဖြစ် သည်။
‘‘ဒီကုမ္ပဏီတွေက ပွဲစားကုမ္ပ ဏီတွေသာသာပါပဲ။ ကျွန်တော် တို့ပြည်တွင်းက အာမခံကုမ္ပဏီ တွေထက် ပြည်ပအာမခံကုမ္ပဏီ တွေနဲ့ ပိုပြီး နီးစပ်မှုရှိနိုင်မှာပါ။  လက်ရှိမှာ အာမခံကုမ္ပဏီတွေက အတွေ့အကြုံနည်းတော့ဘာလုပ် လုပ် စဉ်းစားချင့်ချိန်ပြီး လုပ်နေရ တဲ့အတွက် ပြည်ပအာမခံကုမ္ပဏီ တွေကို ခွင့်ပြုပေးလိုက်ရင်အခက် အခဲလေးတွေ ကျွန်တော်တို့ဘက် မှာ အများကြီးရှိနေသေးတယ်’’ဟု အောင်သစ္စာဦး အာမခံကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဘဦးက ပြောသည်။
လက်ရှိတွင် နိုင်ငံခြားအာမ ခံကုမ္ပဏီကိုယ်စားလှယ်ရုံးခွဲ ၂၀ ကျော် ဖွင့်လှစ်ခွင့်ပေးထားကာ နိုင်ငံခြားအာမခံကုမ္ပဏီ သုံးခုကို သီလ၀ါအထူးစီးပွားရေးဇုန်၌ စ တင်လုပ်ကိုင်ခွင့်ပြုပြီးဖြစ်သည်။
ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁ဝ ခုကို အာမခံအမျိုးအစား ခုနစ်မျိုး လုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းတို့၏ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူ တည်ကာ ထပ်မံ လုပ်ကိုင်ခွင့်ပြု ရန် အာမခံကြီးကြပ်ရေး လုပ်ငန်း အဖွဲ့က စောင့်ကြည့်လျက်ရှိသည်။
 Credit  To >>>> 7Day News

0 comments:

Post a Comment