14.9.15

ကျန်းမာရေးအာမခံ စတင်သည့် သုံးလအတွင်း အာမခံထားသူ နှစ်ရာကျော်သာရှိ

 မြန်မာ့အာမခံလုပ်ငန်း တွင် ကျန်းမာရေးအာမခံစနစ် စတင်နေပြီဖြစ်သော်လည်း လာရောက် ၀ယ်ယူထားသူ ၂၀၀ ကျော်သာရှိ၍ စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးချုပ် ဦးအေးမင်းသိန်းက ပြော သည်။

‘‘တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင် အ ရမ်းနည်းတယ်။ စိတ်ဝင်စားမှု လျော့နေတာပြည်သူတွေထဲမှာ များများ ကျယ်ပြန့်စေချင်တယ်’’ ဟု ဦးအေးမင်းသိန်းက ပြော သည်။
ယခုအာမခံစနစ်မှာ မြန်မာ့ အာမခံသမိုင်းတွင် တစ်ကြိမ်တစ် ခါမှ မလုပ်ဆောင်ရသေးသည့် အာမခံအမျိုးအစားဖြစ်ပြီး အစိုးရ ကသာ စတင် လုပ်ကိုင်နေကာ ပုဂ္ဂလိက အာမခံကုမ္ပဏီများကို လတ်တလောခွင့်ပြုထားခြင်း မရှိသေးပေ။
ကျန်းမာရေး အာမခံစနစ် စတင်ခဲ့သည့် သုံးလတာအတွင်း အာမခံထားရှိသူဦးရေ ၂၀၀ သာရှိသေး၍ အဆိုပါ အာမခံစနစ် လူသိများ အောင်မြင်ရန်များစွာ အချိန်ယူရဦးမည်ဟု မြန်မာ့အာမခံ လုပ်ငန်းက ခန့်မှန်းသည်။
ကျန်းမာရေး အာမခံပေါ်လ စီတစ်ခုလျှင် ကျပ်ငါးသောင်းနှင့် ၀ယ်ယူနိုင်ပြီး တစ်နှစ်လျှင် တစ်စုံ တစ်ရာကျန်းမာရေးချို့ယွင်းခြင်း၊ မတော်တဆထိခိုက်ခြင်းများဖြစ် ပေါ်ပါက တစ်နှစ်လျှင် ရက်ပေါင်း ၃၀ ဆေးရုံတွင် ဆေးကုသမှု ခံယူ  နိုင်သည်။
ဆေးရုံတက်နေစဉ်အတွင်း သေဆုံးခဲ့ပါက လျော်ကြေးကျပ် ဆယ်သိန်းရရှိမည်ဖြစ်ပြီး ယခု ကျန်းမာရေး အာမခံစနစ်ကို အသက် (၆)နှစ်မှ (၆၅)နှစ်အတွင်းသာ ၀ယ်ယူနိုင်ကြောင်း ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းရှိသည့်အနက် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ အာမခံနှင့်ပတ် သက်ပြီး စိတ်ဝင်စားမှုရှိကြသည် ဟု မြန်မာ့အာမခံလုပ်ငန်းက ခန့် မှန်းထားသည်။

Credit To >>> 7Day News

0 comments:

Post a Comment