14.9.15

ကမ္ဘာ့အဓိက ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုကို စိုးရိမ်မှုရှိနေ


တရုတ်အပါအ၀င် ကမ္ဘာ့အဓိက ထွန်းသစ်စစီးပွားရေးနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုကို
စိုးရိမ်ပူပန်နေတယ် လို့ နိုင်ငံတကာအခြေစိုက်ဘဏ်(BIS- the Bank of International Settlements)က ပြောပါတယ်။


စတော့ဈေးကွက်နဲ့ ကုန်စည်ဈေးကွက် ကသောင်းကနင်းဖြစ်ပြီးနောက် အဲဒီ
ကသောင်းကနင်းဖြစ်မှုက ပိုမိုနက် ရှိုင်းစွာဖြစ်ပေါ်လာမလားဆိုတာကို စိုးရိမ်
နေကြပါတယ်။
BIS ဘဏ်ရဲ့ ငွေကြေးနဲ့ စီးပွားရေးဌာန အကြီးအကဲဖြစ်သူက Claudio Borio
က တရုတ်စတော့ဈေးကွက် ကျ ဆင်းတာနဲ့ ကမ္ဘာဘဏ္ဍာရေးဈေးကွက် ဟန်
ချက်ပျက်ဖို့ ဖြစ်လာတယ်လို့ ရှုမြင်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
BIS ဘဏ်ရဲ့ ထုတ်ပြန်ချက်က ထောက်ပြတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကော်ပို
ရိတ်ကဏ္ဍမှာ ဒေါ်လာအခြေပြုပြီး ရှိနေတဲ့အကြွေးတွေ ထရီလီယံနဲ့ ချီပြီး
တည်ဆောက်ထားတာက အန္တရာယ်တွေဖြစ်ပေါ်စေပါတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်ရဲ့ ပထမသုံးလမှာတင် ဒေါ်လာ ၁၀၉ ဘီလီယံ တရုတ်ဘဏ်တွေကနေ
အသားတင်အရင်းအနှီး ထွက်သွားတာကိုလည်း BISဘဏ်ရဲ့ အချက်အလက်တွေက
ဖော်ပြနေပါတယ်။
“ထွန်းသစ်စစီးပွားရေးတွေရဲ့ အားနည်းချက်တွေကို ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုအာရုံ
စိုက်လာနေပါတယ်။ အထူး သဖြင့် တရုတ်ကိုပါ”လို့ BIS ဘဏ်က ထုတ်
ပြန်ချက်မှာ ဆိုထားပါတယ်။

Credit  To >>> SFJ News

0 comments:

Post a Comment