8.9.15

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမဲဆွယ်ခရီးစဉ် ကယားသို့ သွားမည်


 ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ပထမဦးဆုံး မဲ ဆွယ်စည်းရုံးမှုခရီးစဉ်အဖြစ် က ယားပြည်နယ်သို့ ယခုလ ၁၀ ရက်မှ စတင် သွားရောက်မည်ဖြစ် ကြောင်း ယင်းပါတီမှ သတင်းရရှိ သည်။


ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ပထမဆုံးမဲဆွယ်စည်းရုံးမှု ခရီးစဉ်အဖြစ် ရွေးချယ်လိုက်သော ကယားပြည်နယ်သည် လက်ရှိသမ္မတ ဦးသိန်းစိန်အားထားရ သော သမ္မတရုံး ပြည်ထောင်စုဝန် ကြီးများဖြစ်ကြသည့် ဦးစိုးသိန်းနှင့်ဦးအောင်မင်းတို့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များအဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည့် ပြည်နယ်တစ်ခု ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် သည် ကယားပြည်နယ်သို့ ယခုလ ၁၀ ရက်တွင် ရောက်ရှိမည်ဖြစ် ကာ လွိုင်ကော်၊ ဒီမော့ဆိုး၊ ဖရူး ဆိုး၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်ဆဲ့နှင့်ရှားတောမြို့နယ်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် လူထုဟောပြောပွဲများပြု လုပ်သွားရန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တာဝန်ခံ ဒီချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။
အထက်ပါမြို့များတွင် ရွေး ကောက်ပွဲအောင်နိုင်ရေးမဲဆွယ် စည်းရုံးမှုလူထုဟောပြောပွဲများ ကို ယခုလ ၁၀ ရက်မှ ၁၂ ရက်အထိသုံးရက်ကြာပြုလုပ်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကာ ယခုလ ၈ ရက်မှစ၍ ရွေးကောက်ပွဲမတိုင်မီ ရက်အထိ ရက်ပေါင်း ၆၀ ကို မဲဆွယ်စည်းရုံးရေးကာလ အဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ခွင့်ပြုထားသည်။
မဲဆွယ်စည်းရုံးခွင့်ကာလမ ရောက်မီက ဒေါ်အောင်ဆန်းစု ကြည်သည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ပြု လိုက်သည့် ယခုလ ၈ ရက်နောက် ပိုင်းတွင် ကယားပြည်နယ်ခရီး စဉ်သည် ဒေါ်အောင်ဆန်းစုကြည် ၏ ပထမဆုံးမဲဆွယ်စည်းရုံးမှု ခရီးစဉ်ဖြစ်လာသည်။
ကယားပြည်နယ်သည် အ ခြားသော ပြည်နယ်များနှင့်မတူ ဘဲ ဒေသခံပါတီအင်အားနည်း သဖြင့် ရွေးကောက်ပွဲတွင် အင် အားကြီးပါတီများအတွက် စိန်ခေါ် မှုအတော်အတန်နည်းသည့် ပြည် နယ်တစ်ခုဖြစ်သောကြောင့် က ယားပြည်နယ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သာ ထိပ်တိုက်ရင်ဆိုင်တွေ့ရမည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း နိုင်ငံ ရေးလေ့လာသူများက သုံးသပ် ထားကြသည်။
ကယားပြည်နယ်တွင် ဒေသ ခံပါတီများအဖြစ် ကယန်းအမျိုး သားပါတီ၊ ကယားလူမျိုးစုဒီမိုက ရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ (ကယားပြည်နယ်)တို့ ရှိကြောင်း ကယန်းအမျိုးသားပါ တီ အထွေထွေအတွင်းရေးမှူး ဦး နန်းရီက ပြောသည်။
‘‘ပါတီကြီးတွေ ကျွန်တော်တို့ဆီဝင်ပြိုင်လည်း ပြိုင်ပေါ့ဗျာ။ ဒေသခံပါတီတွေကတော့ အားတော့ နည်းပါတယ်။ ကျွန်တော်တို့ လည်း ကျွန်တော်တို့နိုင်အောင် အစွမ်းကုန်ကြိုးပမ်းမှာပဲ’’ဟု ဦး နန်းရီက ပြောသည်။
ကယားပြည်နယ်တွင် လာ မည့်ရွေးကောက်ပွဲ၌ ၀င်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂၅ ဦးရှိပြီး တစ်သီးပုဂ္ဂလ၀င်ပြိုင်မည့်သူ ၁၉ ဦးရှိနေသည်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုး သိန်းတို့အပြင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ် ထွက်ခဲ့သည့် ကယားပြည်နယ်ဝန် ကြီးချုပ်၊ အစိုးရအဖွဲ့မှ ၀န်ကြီး ခုနစ်ဦးတို့ကလည်း ကယားပြည် နယ်တွင် တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ပြိုင်မည် ဖြစ်သည်။
Credit To >>>7Day News

0 comments:

Post a Comment