8.9.15

မဲဆွယ်စည်းရုံးမှုများ ယနေ့စတင်နိုင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအား ရွေးကောက်ပွဲအောင်နိုင်ရန်မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ယနေ့ (စက်တင်ဘာ၈)မှစတင်၍  ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မဲဆွယ်စည်းရုံးခွင့်ကို စက် တင်ဘာ ၈ ရက်မှစတင်၍ ရွေး ကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်မတိုင်မီအထိ ရက်ပေါင်း ၆၀ ကို မဲဆွယ်စည်းရုံးခွင့်ကာလ အဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က သတ်မှတ်ပေး ထားခြင်း ဖြစ်သည်။
မဲဆွယ်စည်းရုံးခွင့်ကို ရက် ပေါင်း ၆၀ ခွင့်ပြုထားပြီး စက်တင် ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင် ဘာ ၆ ရက် ည ၁၂ နာရီအထိ မဲ ဆွယ်စည်းရုံးခွင့်ရှိသည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုင်ငံရေးပါတီများထံ အ ကြောင်းကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။
မဲဆွယ်စည်းရုံးမှုများပြုလုပ် ရာတွင် မဲဆွယ်စည်းရုံးဟောပြော  လိုသည့် နေရာကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံ တင်ပြရမည်ဖြစ်သည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင် မောင်ကျော်က ပြောသည်။

‘‘၀န်ကြီးဌာနပိုင်တဲ့ ဘော လုံးကွင်းဆို ဟောပြောဖို့ ပေးလို့ မရပါဘူး။ စည်ပင်ပိုင်တဲ့ ကွင်းဆို ပေးလို့ရမယ်။ နောက်ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံဆို လည်း မဲဆွယ်စည်းရုံးဟောပြောဖို့ ပေးလို့မရပါဘူး’’ဟု ဦးခင်မောင် ကျော်က ပြောသည်။
စက်တင်ဘာ ၈ ရက်မှစတင် ပြီး တရားဝင်မဲဆွယ်စည်းရုံးခွင့် ပြုလိုက်သော်လည်း စတင် ခွင့်ပြုလိုက်သည့်နေ့တွင် ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များ၌ မဲဆွယ်စည်းရုံးရန် အသိပေးထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
အင်အားကြီးပါတီနှစ်ခုဖြစ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးချင်းစီ၏ အစီအစဉ်ဖြင့် မဲဆွယ်မှုများစတင်ပြုလုပ်နိုင် ဖွယ်ရှိနေသည်ဟု ယင်းပါတီများ
သတင်းရရှိသည်။
Credit To >>> 7Day News

0 comments:

Post a Comment