4.9.15

စည်ပင်မြေကွက် လေလံတင်မည့်ရက် စက်တင်ဘာ တတိယပတ်သို့ ထပ်မံရွှေ့ဆိုင်း

 လေလံပစ်မည့် စည်ပင် ပိုင်မြေကွက် ၇၀ ကျော်ကို လေ လံဆွဲမည့်သူများ လေ့လာချိန်ရရှိရန် စက်တင်ဘာတတိယပတ်သို့ ပြောင်းလဲလိုက်ကြောင်း သတင်း ရရှိသည်။

မူလက သြဂုတ် ၂၇ မှ ၂၈ ရက်တွင် သတ်မှတ်ထားရာမှ စက်တင်ဘာ ၃ နှင့် ၄ ရက်သို့ ရွှေ့ဆိုင်း ခဲ့ပြီး စက်တင်ဘာ ၁၇ နှင့် ၁၈ရက်သို့ ဒုတိယအကြိမ် ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်သည်။
မြေကွက် လေလံဆွဲမည့်သူများ စိတ်ဝင်စားသည့် မြေကွက်ကို လေ့လာခွင့်ရှိစေရန်နှင့် စည်ပင်ဌာနက ရပ်ကွက်အတွင်း ကျရောက်နေသည့် မြေကွက်များ ထင်သာမြင်သာပေါ် လွင်စေရန် ခြံစည်းရိုးခတ်ခြင်း၊ မှတ်တိုင်များ စိုက်ခြင်း၊ ကျူးကျော်အချို့ ရှင်းလင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက သတင်းထုတ်ပြန်သည်။
ထို့ကြောင့်မြေကွက်လေလံ ၀င်ရောက် ယှဉ်ပြိုင်မည့်သူများ သည် လေလံလျှောက်လွှာဝယ်ယူ ခြင်းကို ယခုလ ၁၅ ရက်နောက် ဆုံးထား ၀ယ်ယူနိုင်မည် ဖြစ် သည်။
လေလံပစ်မည့်မြေကွက် ၇၄ကွက်အနက် တောင်ဒဂုံစက်မှုဇုန် (၁) မှ ၁၄ ဧကကျော် မြေကွက် သည် ပိုင်ရှင်ရှိသော မြေကွက်ဖြစ် နေပြီး မူလပိုင်ရှင်က ကန့်ကွက် သောကြောင့် လေလံပွဲ၌ အဆိုပါ မြေကွက်ကို ထည့်သွင်းတော့မည် မဟုတ်ဟုဆိုသည်။
ထို့အပြင် မြေကွက်အချို့မှာလည်း မြေပိုင်ရှင် အမည်ပေါက် ရှိသူများ၏ ကန့်ကွက်မှုများကြောင့် ပြန်လည်စိစစ်ရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု လေလံပွဲ၌ ပါဝင်ရန် အာမခံ ကြေးတင်သွင်းထားသူ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။ ထို့ ကြောင့်မူလကြေညာခဲ့သည့် မြေ ကွက်အရေအတွက် ၇၄ ကွက် ထက် လျော့နည်းဖွယ်ရှိသည်ဟု အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။
          လေလံတင်မည့်မြေများတွင်ပေ ၄၀×၆၀၊ ပေ ၁၅၀× ၈၀ မြေကွက်များပါဝင်ပြီး သာကေတ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပအစရှိသည့် မြို့ စွန်မြေကွက်အများစုဖြစ်ကာ ဌာနတွင်း ဘတ်ဂျက်လိုငွေမြင့်မားနေ ၍ လေလံတင်ရောင်းချမည်ဖြစ် ကြောင်း ရန်ကုန်မြို့စည်ပင်သာ ယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်း မြို့နယ်များမှ မြေ ဧကကျယ်သည့် မြေ ခုနစ်ကွက်ကိုပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့စွန်လေးမြို့နယ်မှ မြေကွက်အချို့ကို လေလံတင်ရောင်းချထားသည်။ တတိယအကြိမ်အဖြစ် ပြီးခဲ့သည့် လက စည်ပင်ပိုင်မြေကွက်အချို့ ကို ရောင်းချခဲ့ပြီး ယခုစတုတ္ထအကြိမ်သည် မြို့တော်စည်ပင်မြေ ကွက် အရေအတွက် အများဆုံး လေလံခေါ်ယူမှုဖြစ်သည်။
‘‘စည်ပင်မြေလို့ ရပ်ကွက်ထဲ က လူတွေ မသိတဲ့ မြေတွေအ များကြီးပါတယ်။ တချို့က မြေ တွေလွတ်နေလို့ ကန်စွန်းခင်းတွေ  စိုက်ထားကြတယ်။ မနေ့တစ်နေ့ ကမှ ဆိုင်းဘုတ်တွေ လာထောင် သွားလို့ ရပ်ကွက်က သူတွေက အံ့သြနေကြတာ’’ဟု မြောက်ဥက္က လာပမြို့နယ် နွယ်သာကီ ရပ် ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
Credit To >>> 7Day News

0 comments:

Post a Comment