4.9.15

ဝန်ကြီးများ နိုင်ငံပိုင်ပစ္စည်းအသုံးပြု၍ မဲဆွယ်ပါက တိုင်ကြားရန် ဦးတင်အေးပြော

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် အစိုးရပိုင် ပစ္စည်းကို အသုံးပြုပြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ မဲဆွယ်စည်းရုံးပါ က လွှတ်တော်ဥပဒေပြဋ္ဌာန်းချက်  နှင့်ငြိစွန်းသည့်အတွက် တိုင်ကြား မှုများပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အနေဖြင့် အစိုးရပိုင် မော်တော် ယာဉ်များကို အသုံးပြုပြီး မဲဆွယ် ပါက လွှတ်တော်ကိုယ်စားလှယ် လောင်းအရည်အချင်းတွင် ပါဝင် သော ပြဋ္ဌာန်းချက်အပါအဝင် ရွေးကောက်ပွဲဥပဒေအခန်း(၁၃)ပါ ပြဋ္ဌာန်းချက်များနှင့်ပါ ငြိစွန်းသည် ဟု ဦးတင်အေးက ဆိုသည်။


‘‘အဲဒါဆိုလို့ရှိရင် ချက်ချင်း ဒါရဲအရေးပိုင်တဲ့အမှုပါ။ ဒီဝန်ကြီး က အစိုးရပစ္စည်းတွေ သုံးတယ် ဆိုလို့ရှိရင် အမှုဖွင့်လို့ ရပါတယ်။ အခန်း(၁၃)နှင့်ငြိတယ်ဆိုလို့ရှိရင်ဒါက ရဲအရေးပိုင်တဲ့အမှု ကော်မ ရှင်အလုပ်မဟုတ်ပါဘူး’’ဟု ဦး တင်အေးက ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ရှိ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး၌ ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းစာရှင်း လင်းပွဲတွင် အစိုးရဝန်ကြီးများမဲ ဆွယ်စည်းရုံးရာ၌ အစိုးရပိုင်ယာဉ်များကို အသုံးပြုပါက မည်သို့အရေးယူနိုင်ကြောင်း မီဒီယာများက မေမြန်းရာ ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘နိုင်ငံတော်ပစ္စည်းသုံးတယ် ဆိုရင် တိုင်ကိုတိုင်ရမယ်၊ တိုင် လည်း တိုင်ရဲရမယ်’’ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လာမည့်နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ယခုလ ၈ ရက်မှ စတင်ကာ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် မဲဆွယ်စည်းရုံးမှုများပြုလုပ် နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်။
ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃)သည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ပြဋ္ဌာန်းထား ခြင်းဖြစ်သည်
Credit to>>>7 Day Daily

0 comments:

Post a Comment