4.9.15

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ တ ကာနှင့် ယှဉ်ပြိုင် နိုင် စွမ်းရှိလာစေရန် ပုဂ္ဂလိကဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှုများလိုအပ်

မြန်မာနိုင် ငံအပါအဝင် အာရှနိုင်ငံများ၏ အ သေး စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် နိုင်ငံတကာ လုပ်ငန်း များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ လာစေရန် ပုဂ္ဂလိကဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံ မှုများလိုအပ်ကြောင်း အာ ရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအရ သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ရေရှည်ဖွံ့ဖြိုးရေးတိုးတက်မှုနှင့် ရာသီဥ တုပြောင်း လဲမှုဆိုင်ရာဌာနမှ စက်တင်ဘာလ ၂ ရက်ထုတ်ဝေသည့် ယင်းအစီ ရင်ခံစာတွင် မကြာမီက တွေ့ကြုံခဲ့ရသော စီးပွားရေးနှေးကွေး မှုဖြစ်စဉ်မှနေ၍ ကမ္ဘာ့နိုင်ငံများက ပြန်လည်ရုန်းထရန် ကြိုးပမ်းနေချိန် တွင် အာရှတိုက်အတွင်း၌လည်း ရေ ရှည်တည်တံ့သောဖွံ့ဖြိုးမှုရရှိရန် အ ရေးကြီးသည်ဟု ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ရေရှည်ဖွံ့ဖြိုးရေးတိုးတက်မှုနှင့် ရာ သီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီး တန်းအကြံပေး နိုရီတာကာအာကာ မဆုက ''အာရှမှာ SME ပေါင်း သန်း ချီရှိပေမယ့် အနည်းသာထိုးဖောက် ထွက်ပြီး နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နိုင်တာဖြစ်ပါတယ်။ ဒီလို ထိုးဖောက်ချိတ်ဆက်နိုင်အောင်ပုဂ္ဂလိ ကဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှု ရယ်၊ ငွေကြေး အရင်းအနှီးရရှိနိုင်မယ့် ရင်း မြစ်မျိုးစုံကို လက်လှမ်းမီဖို့အခွင့်အ လမ်းတွေ ပိုမိုရရှိဖို့ရာလိုအပ်ပါတယ်'' ဟုဆိုသည်။
SME များ နိုင်ငံတကာဈေး ကွက်နှင့် ချိတ်ဆက်နိုင်ရန်၊ ယှဉ်ပြိုင် နိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ဒေ သတွင်း နိုင်ငံအစိုးရများ အနေဖြင့် ကူညီထောက်ပံ့မှုများပြုလုပ်ရန်လို အပ်ပြီး ပစ္စည်းတင်သွင်းသူများကို ငွေပေးချေ ရာတွင် အချိန်ပိုမိုရယူ ထားခြင်းစသည့် နည်းလမ်းတို့အပါ အဝင် SME များသည် ငွေကြေးအ ရင်းအနှီးအသစ်များကို လွယ်လင့်တ ကူလက်လှမ်းမီစေ ရန် နိုင်ငံအစိုးရ တို့မှအကူအညီပေးခြင်းတို့ လိုအပ် သည်ဟုဆိုသည်။
အာရှနှင့် ပစိဖိတ်ဒေသများ တွင် ဘဏ်များမှ ချေးငွေရယူရန် လက်လှမ်းမီမှုမှာ မကြာခဏဖြစ်တည် နေသော အခက်အခဲတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ် အတည်းဖြစ်ပွားပြီး နောက်ပိုင်း၂၀၁၄ ခုနှစ်တွင် SME များ ကို ငွေချေးပေး မှုမှာ လျှော့နည်းလာပြီး ဘဏ်ချေးငွေ စုစုပေါင်း၏ ၁၈ဒသမရ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
ဆောက်လုပ်ရေး၊ ထုတ်လုပ် ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တဖြည်းဖြည်းတိုးတက်လျက်ရှိပြီး နိုင် ငံခြားရင်းနှီးမြှုပ်နှံ မှုများလည်း တိုး တက်လျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခိုင်မာမှုအတွက် SME များမှာ အဓိကအခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်းယင်း အစီအရင်ခံစာက ဆိုသည်။
၂၀၁၅ မတ်လအထိ စာရင်းများ အရ မြန်မာနိုင်ငံတွင် SME ပေါင်း ၃၉၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထား သော ကုမ္ပဏီစုစုပေါင်း၏ ၈၇ ရာခိုင် နှုန်းဖြင့် ယခင်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်လာသည်။
SME များသည် ထုတ်လုပ်မှု ကဏ္ဍအဓိကပါဝင်နေပြီး အိမ်တွင်း လက်မှုလုပ်ငန်းများမှာ ၇၈ ရာခိုင် နှုန်း၊ ဝန်ဆောင်မှု လုပ်ငန်းများမှာ ၂၀ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
ဘဏ်မဟုတ်သော ဘဏ္ဍာ ရေးကဏ္ဍတွင် ငွေရေးကြေးရေးကုမ္ပ ဏီများနှင့် ငွေချေးငွေယူကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးသော အဖွဲ့ အစည်းများသည် အာရှနှင့် ပစိဖိတ် ဒေသတွင် လွန်စွာသေးငယ်နေပြီး SME များ၏ ငွေကြေးလိုအပ်ချက် ကို ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ငွေကြေးထောက်ပံ့နိုင်ရန် ဘက်စုံမူဝါ ဒမူဘောင်တစ်ခုကို အစိုးရများက ချမှတ်ရေးဆွဲရန် လိုအပ်လျက်ရှိ ကြောင်း ယင်းအစီရင်ခံစာကဆို သည်။

Credit To >>> Democracy News

0 comments:

Post a Comment