17.9.15

ပြည်တွင်းပြည်ပ တရားဝင်ရွှေရောင်းဝယ်မှုကို သတ္တုတွင်းဥပဒေအသစ် ထွက်ရှိပြီးမှသာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်

ပြည် တွင်းပြည်ပတရားဝင်ရွှေရောင်းဝယ် မှုကို သတ္တုတွင်းဥပဒေထွက်ရှိပြီး မှသာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သတ္တုတွင်းဦးစီးဌာနညွှန် ကြားရေးမှူးချုပ်ဦးဝင်းထိန်က ပြောသည်။

လက်ရှိပြဋ္ဌာန်းထားသော ဥပဒေ မှာ ၁၉၉၄ ခုနှစ်က ရေးဆွဲထား ခြင်းဖြစ်ပြီး ယင်းဥပဒေတွင်ရွှေထုတ် လုပ်မှုသာပါရှိခြင်းကြောင့် ရောင်း ဝယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဦးဝင်းထိန်က''အရင်က ပြဋ္ဌာန်း ခဲ့တဲ့ဥပဒေမှာ ရွှေထုတ်လုပ်မှုသာ ပါရှိပါတယ်။ အခုရေးဆွဲထားတဲ့ ဥ ပဒေမှာတော့ ရောင်းဝယ်တဲ့ ဥပဒေ ကိုပါ ထည့်သွင်းထားတယ်။ ရောင်း ဝယ်တဲ့ဥပဒေထွက်ရှိလာတဲ့အခါ မှာ နိုင်ငံတော်အတွက်အခွန်အခ တွေ ပိုမိုရရှိလာနိုင်မှာဖြစ်ပါတယ်'' ဟု ပြောသည်။
သတ္တုတွင်းဥပဒေအသစ်ကို ၂၀၁၂ ခုနှစ်ကတည်းကနိုင်ငံတကာ နည်းပညာရယူပြီး ပညာရှင်များနှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဥပဒေအသစ် ထွက်ရှိရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း၊ ယခုနှစ်ကုန် ပိုင်းတွင်ပြဋ္ဌာန်းနိုင်ရန် မျှော်လင့် ကြောင်း ဦးဝင်းထိန်ကဆိုသည်။
ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ''ပြည်ပကိုရွှေ ရောင်း ဝယ်ခွင့်ပြုမယ်ဆိုရင် ကောင်း ပါတယ်။ ဒါပေမဲ့ အရည်အသွေး ပိုင်းဆိုင်ရာစံသတ်မှတ်ချက်တွေ နိုင်ငံတကာနည်းတူ ထုတ်လုပ်နိုင် ဖို့လိုတယ်။ နောက်ပြီး ဒီမှာက နားလည်မှုနဲ့ အရောင်းအဝယ် လုပ်ကြ တော့ ပြဿနာနည်းနည်းရှိတယ်။ နိုင်ငံတကာမှာတော့ အဲဒီလိုဘဏ်တွေ ကတစ်ဆင့် အရောင်းအဝယ်လုပ် တော့ အဲဒီလိုပြဿနာမရှိဘူး။ ဒီ မှာလဲ အဖွဲ့အစည်းတစ်ခုက ကြား ခံပြီး အရောင်းအဝယ်ကို အာမခံပေး နိုင်မယ်ဆိုရင် ဈေးကွက်ကပိုကောင်း လာမှာပါ''ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် သတ္တုတွင်း လုပ်ကွက်များအနေဖြင့် စမ်းသပ် လုပ်ကွက်၊ ထုတ်လုပ်လုပ်ကွက်၊ အ ကြီးစား၊ အသေးစား၊ လုပ်ငန်းအပါ အဝင်လုပ်ကွက်ပေါင်း ၂၀၀၀ နီးပါး ခန့်ရှိပြီး အကြီးစားသီးသန့်အနေ ဖြင့် လုပ်ကွက်ပေါင်း ၁၅၀ ခန့်၊ နိုင်ငံခြားဖက်စပ်လုပ်ငန်းများ အနေ ဖြင့် ၁၅ ခုခန့်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည် သူ့လွှတ်တော်သယံဇာတနှင့်သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူးဦး သိန်းလွင်က ''သတ္တုတွင်းဥပဒေကို အခုသတ္တုတွင်းဦးစီးဌာနကို ပြန် ပို့ထားပါတယ်။ လာမယ့် လွှတ်တော် မှာပြဋ္ဌာန်းနိုင်မလားဆိုတာကတော့ မပြောနိုင်သေးပါဘူး''ဟု ပြောသည်။

Credit To >>> Democracy News

0 comments:

Post a Comment