17.9.15

မောင်းသူမဲ့လေယာဉ်(ဒရုန်းလေယာဉ်)များ သီးသန့်ပျံသန်းနိုင်သောနေရာများ ရန်ကုန်နှင့်မန္တလေးတွင် ရွေးချယ်သတ်မှတ်ပေးသွားမည်


 မောင်း သူမဲ့လေယာဉ် (ဒရုန်းလေယာဉ်)များ သီးသန့်ပျံသန်းနိုင်သောနေရာ များကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ရွေးချယ် သတ်မှတ်ပေးသွား မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးမင်းလွင်ကဆိုသည်။

စက်တင်ဘာ ၁၅ ရက်က နိုဗို တယ်ဟိုတယ်တွင်ကျင်းပသော (၃၂) ကြိမ်မြောက် အာဆီယံလေကြောင်း ပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ အစည်း အဝေးတွင် မီဒီယာများအား ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဦးမင်းလွင်က ''ဒရုန်းနဲ့ပတ်သက် လို့ မြန်မာနိုင်ငံကိုတင်သွင်းပြီး ရောင်း ချနေတာတွေရှိတယ်။ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဒရုန်းတွေက အင်မတန် အသုံးဝင်တယ်။ စီးပွားဖြစ်အနေနဲ့ အသုံးပြုနေတာတွေ၊ အပျော်တမ်း သုံး နေသူတွေလဲရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လေထဲမှာပျံသန်းနေတဲ့ မည် သည့် အရာဝတ္ထုမဆို အသုံးပြုခဲ့ မယ်ဆိုရင် ကျွန်တော်တို့နဲ့သက် ဆိုင်တယ်။ public ဧရိယာတွေမှာ ပျံသန်းတော့ အဲဒီနေရာတွေ ထိခိုက် နိုင်တယ်။ အဲဒါကြောင့် စနစ်တကျ ရှိစေရန် လေကြောင်းမှာ မှတ်ပုံတင် လုပ်ပြီးမှ လေထဲမှာပျံသန်းရန် ကြီး ကြပ်သွားမှာပါ''ဟုပြောသည်။
လက်ရှိပြည်တွင်း၌ အပျော် တမ်းသုံး(ဒရုန်း)နှင့် စီးပွားဖြစ်အ နေဖြင့် အသုံးပြုသောဒရုန်းဟူ၍ အသုံးပြုလျက်ရှိရာ လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အပျော်တမ်းသုံး(ဒရုန်း)များအတွက် ရန်ကုန်နှင့်မန္တလေး၌ နေရာတစ်နေရာ သတ်မှတ်ပေးမည် ဖြစ်ပြီး စီးပွားရေးအဖြစ် အသုံးပြု နေသော ဒရုန်းများအတွက် ပျံသန်း မည့်အမြင့်ပေ၊ အချက်အလက်၊ တည် နေရာများကို နှစ်ရက်၊ သုံးရက်ကြိုတင် အကြောင်းကြားရမည်ဖြစ် ကြောင်းသိရသည်။
''အပျော်တမ်းမောင်းသူတွေ ကို နေရာတစ်ခုကန့်သတ်ပေးပြီး သွားရင်တော့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာပဲ မောင်းနှင်ပျံသန်း ခိုင်းမယ်။ ဒီထက်ကျော်ပြီး မောင်း နှင်ခွင့်မပြုဘူး''ဟုဆိုသည်။
Commercial အဖွဲ့များအနေ ဖြင့် ဒရုန်းအော်ပရေးရှင်း၏ အရည် အသွေးများကို ဖော်ပြရုံသာမက အ နည်းဆုံး နှစ်ရက်သုံးရက်ကြိုတင် ခွင့်ပြုချက်ရယူမှသာလျှင် စိစစ်ပြီး ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ယင်း ကဆိုသည်။
လက်ရှိတွင် ဒရုန်းလေယာဉ် များကို မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသောနေရာမရှိသော ကြောင့် သင့်တော်ရာနေရာတချို့ တွင်ပျံသန်းမောင်းနှင်နေကြသည့်အတွက် public safety ကို ထိခိုက် စေနိုင်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို ယခုနှစ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး ယင်းဒရုန်းလေယာဉ်များအတွက် ဥပဒေနှင့်ပြစ်ဒဏ်များကိုမူ နိုင်ငံ တကာ၏ နည်းဥပဒေများကို လေ့ လာပြီး နိုင်ငံနှင့်ကိုက်ညီအောင် စီစဉ် ပြီးမှသာ ထုတ်ပြန်သွားမည်ဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် အသုံးပြုနေသူများအနေဖြင့် မိမိအသုံးပြုနေသော ဒရုန်းအမျိုးအစား အရင်းဆုံးလေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ မှတ်ပုံတင်ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment