17.9.15

ပိုးမွှားသတ် ဆပ်ပြာတွေ ပြောသလောက် မထိရောက်


ပိုးမွှားသတ် ဆပ်ပြာဟု သီးသန့်ကြော်ငြာ ရောင်းချနေသည့် ဆပ်ပြာများသည် ပိုးမွှားများ သတ်ဖြတ်နိုင်စွမ်း၊ ကာကွယ် ပေးနိုင်စွမ်းတွင် သာမန်ဆပ်ပြာများထက် သိသာစွာ ပိုထူးခြားမှုမျိုး မရှိကြောင်း သုတေသီများက ထုတ်ပြန် ပြောကြားသည်။

      ပိုးမွှားသတ် ဆပ်ပြာများထဲတွင် ထရွိုင်ကလိုဆန် ဓာတ်ပစ္စည်းကို အဓိက အသားပေး ကြော်ငြာကြသည်။ ထိုဓာတ်ပစ္စည်းသည် ပိုးမွှားများကို သာမန်ထက် ပိုသေစေသည်ဟုလည်း ကြော်ငြာထားကြသည်။ အထူးပိုးမွှားသတ် ဆပ်ပြာ ဈေးကွက်သည် အမေရိကန် တစ်နိုင်ငံတည်းမှာပင် တစ်နှစ်ကို ဒေါ်လာသန်း တစ်ထောင်နီးပါး ရှိသည်။ သုတေသန ပြုကြည့်ချက်အရမူ ထိုဆပ်ပြာများ၏ အစွမ်းသည် ပုံမှန် ဆပ်ပြာများနှင့် တူတူသာဖြစ်ကြောင်း တွေ့ရသည်။
      ထို့အပြင် ထရွိုင်လိုဆန်ဓာတ် ပစ္စည်းကြောင့် ခန္ဓာခုခံအားစနစ်ကို ထိခိုက်စေသလို၊ ဟိုမုန်းမျှခြေကိုပါ ပျက်စီးစေသည့် အန္တရာယ်ရှိကြောင်း သတင်းများ ထွက်လာသဖြင့် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှုဌာန (FDA) သည် ပိုးမွှားသတ် အထူးဆပ်ပြာများကို စစ်ဆေး အကဲဖြတ်နေပြီ ဖြစ်သည်။
      Antimicrobial Chemotherapy ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသော စစ်တမ်းတွင် ဖော်ပြထားချက်အရ သုတေသီများသည် လေ့လာခံသူ (၁၆) ဦး၏ လက်ကို ပုံမှန် ဘက်တီးရီးယား ပိုးမွှား (၂၀) ပါဝင်သော အရည်များဖြင့် လိမ်းကျံ ပေးလိုက်သည်။ ထို့နောက် နှစ်စုခွဲပြီး တစ်စုကို သာမန်ဆပ်ပြာ၊ နောက်တစ်စုကို ထရွိုင်လိုဆန် (၀ ဒသမ ၃) ရာခိုင်နှုန်းပါသော ပိုးမွှားသတ် ဆပ်ပြာဖြင့် လက်ဆေးခိုင်းသည်။ ထိုအခါ ဘက်တီးရီးယား သတ်နိုင်စွမ်းသည် ထူးခြားစွာ ကွာခြားခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။
      လေ့လာမှုစစ်တမ်းကို ဆိုးလ်မြို့ရှိ ကိုရီးယား တက္ကသိုလ်မှ မင်ဆက်ခ်ရီနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Credit To >>> Messenger News

0 comments:

Post a Comment