14.11.15

တရုတ်နိုင်ငံခြားရေးဝန်ကြီး မှ မြန်မာနိုင်ငံအခြေအနေ ၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ ပြောကြားချက်



နိုဝင်ဘာလ ၁၂ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် တရုတ်နိုင်ငံယူနန် ပြည်နယ်တွင်ပြုလုပ်သည့် လန်ချန်း-မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအခြေအနေ ၊ တရုတ်-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။


Mr. Wang Yi က ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးသက်မှတ်ထားသည့်အချိန်အတွင်းအဆင်ပြေချောမွေ့စွာပြီးဆုံးခဲ့သည့် အတွက် ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ အနေဖြင့် မြန်မာ့နိုင်ငံရေးတည်ငြိမ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာမျှော်လင့်ကြောင်း၊ နိုင်ငံရေးပါတီများစည်းလုံးညီညွတ်ကာ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အတူတကွလုပ်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အားပေးကူညီရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Mr. Wang Yi က တရုတ်-မြန်မာနှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခိုင်မြဲပါသည်။ နယ်ပယ်အသီးသီးတွင်ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ နှင့် ပြည်သူလူထုတို့၏ဆန္ဒနှင့်လည်း ကိုက်ညီပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မူဝါဒကို ဆက်လက်ထိန်းသိမ်းကာ မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးအတွက်ကြိုးပမ်းမှု ကို အားပေးပြီး မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆန္ဒရှိပါသည်။ နှစ်ဦးနှစ်ဘက် ၏ ကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မြဲပြီး နှစ်နိုင်ငံ ပြည်သူလူထုအတွက် လက်တွေ့အကျိုးဖြစ်ထွန်းမှုများရရှိလာမည်ဟုလည်း မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။


Credit To >>> Popular News Journal

0 comments:

Post a Comment