14.11.15

ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီး ဖြစ်စဉ်များ၌ NLD ပါတီအား ပြည်ခိုင်ဖြိုးပါတီက ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမှုများရှိနေ

ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီး  ဖြစ်စဉ်များ၌  ပြည်ခိုင်ဖြိုးပါတီမှ  NLD ပါတီအား   ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားမှုများ ရှိနေကြောင်း သတင်းရရှိသည်။

NLD ပါတီမှ မဲရုံကိုယ်စားလှယ်က မဲရုံမှူး၏စကားကို နားမထောင်ခြင်း၊ ကော်မရှင်တာဝန်ရှိသူက NLD ကိုမဲပေးရန် စောင်းပေးပြောကြားခြင်း၊ မဲရုံ ကိုယ်စားလှယ်က မဲပေးသူစာရင်းကို မှတ်တမ်းယူခြင်းနှင့် မဲရုံကိုယ်စားလှယ်၏ ဆက်ဆံရေး အစရှိသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိနေခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူထံမှ သိရသည်။
"ခရိုင်ကို မိတ္တူပေးပြီး မြို့နယ်ကို တိုင်တာ ရှစ်မှုရှိတယ်။ အများစုက ပြည်ခိုင်ဖြိုးပါတီက မဲရုံကိုယ်စားလှယ်၊  အကူကိုယ်စားလှယ်နဲ့ ပါတီဝင်တွေက တိုင်ထားတာပါ။ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်စဉ်တွေကို တိုင်တာတွေ့ရတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ရွေးကောက်ပွဲ မတိုင်ခင်နေ့ နိုဝင်ဘာ ၇ ရက် ဖြစ်စဉ်ကိုပဲ တိုင်ထားတာရှိတယ်။ အဲဒါကတော့ မဲဆွယ်စည်းရုံးခွင့် မရှိတဲ့နေ့မှာ ပြည်ခိုင်ဖြိုးလို့ ထင်ရတဲ့သူက မဲဆွယ်ခဲ့တဲ့ကိစ္စကို တိုင်တာပါ"ဟု ဟင်္သာတခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးဝင်းမောင်က ပြောကြားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment