14.11.15

"ပြင်သစ်အကြမ်းဖက်တိုက်ခိုက်ခံရမှု သေဆုံးသူ ၁၅၀ ကျော်ပြီ"



ပြင်သစ်နိုင်ငံပဲရစ်မြို့ မှာ ယနေ့ ညပိုင်း(မြန်မာစံတော်ချိန်မနက်ပိုင်း) ဗုံးကွဲ မှုနှင့် အကြမ်းဖိုက်တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၁၅၃ဦးကျော်သွားပြီဖြစ်သည်။
ထို့ကြောင့် ပြင်သစ်သမ္မတ အော်လန်ဒ်က တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာ ထားပြီး ပြင်သစ်ကို ၀င်လာနိုင်သည့် နယ်စပ်ဂိတ်များကို ပိတ်ထားလိုက်သည်။


ပဲရစ်မြို့ လယ်ခေါင်က Bataclan ကဇာတ်ရုံမှာတင် အကြမ်းဖက်သမားများကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀ ရှိကြောင်းသိရသည်။
ပြဇာတ်ရုံကို အကြမ်းဖက်သမားတွေက ၀င်ရောက်စီးနင်းပြီး လူတွေကို ကြမ်းပေါ်လှဲခိုင်းကာ သေနတ်နှင့်ပစ်ကြောင်း အသက်ဘေးကလွှတ်လာသူ မျက်မြင်သက်သေတွေက ပြောသည်။
ထို့အပြင် သေနတ်သမားများက လူ ၆၀ ခန့် ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း လည်းသိရပါသည်။
အကြမ်းဖက်တိုက်ခိုက်မှုနောက်တစ်ခုသည် ပြင်သစ် လက်ရွေးစဉ်ဘောလုံးအသင်းနှင့် ကမ္ဘာဖလားလက်ရှိချန်ပီယံ ဂျာမနီအသင်းတို့ State De France ဘောလုံးကွင်းတွင်
ခြေစမ်းပွဲ ကစားနေစဉ်လည်းဖြစ်ပွားခဲ့ပြီး ဘောလုံးကွင်းအပြင်ရှိ ဝင်ပေါက် နံမှတ် j ရှေ့တွင် ပေါက်ကွဲမှုကြောင့် လူ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ကွင်းအတွင်းရှိနေသူများက မြို့အတွင်အကြမ်းဖက်တိုက်ခိုက်ခံရမှုကို သိ့ခဲ့ပြီး၊ ဘောလုံးပွဲ ပထမပိုင်းတွင် ပေါက်ကွဲမှုတစ်ခုကိုပီသစွာကြားခဲ့ရသည်။ သို့သော်ကွင်းအတွင်း တိုက်ခိုက်မှုမဖြစ်ပွားဘဲခြေစမ်းပွဲပြီးဆုံးအောင်ဆက်ကစားခဲ့သည်။
ထိုကြောင့် အိမ်ရှင်ပြင်သစ်က ဂျာမနီကို ၂ ဂိုး ဂိုးမရှိ အနိုင်ရသောဘောလုံးပွဲအပြီး ပရိတ်သတ်များမပြန်ကြဘဲ ကွင်းပြင်တွင် အန္တရာယ်ကင်းအောင်စောင့်ဆိုင်းပြီးမှ လုံခြုံရေးတာဝန်ရှိသူများက အန္တရာယ်ကင်းကြောင်း ပြောမှအိမ်သို့ပြန်ကြသည်။
တခြားသေဆုံးသူများကတော့ မြို့ လယ်ခေါင်စားသောက်ဆိုင်မှာ အသေခံဗုံးခွဲမှနှင့် သေနတ် နှင့်ပစ်ခတ်ရမှုတို့ ကြောင့်ဖြစ်ပါသည်။
ယခုအခါ ပဲရစ်မှာမြို့သူ မြို့သားတွေကို အာဏာပိုင်တွေက တံခါးတွေပိတ်
အိမ်ထဲမှာပဲနေခိုင်းပြီး လုံခြူံရေးတပ်သား ၁၅၀၀ ကို တစ်မြို့ လုံးအနှံ့ ချထားလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုကတော့ သည်သတင်းအတွက် ၀မ်းနည်းထိခိုက်ကြရပြီး သူ၏မဟာမိတ်ပြင်သစ်နိုင်ငံနှင့်အတူ ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု ကြေညာလိုက်ပါသည်။


Credit To >>> 7Day News 

0 comments:

Post a Comment