11.3.16

ကြိုတင်ခွန်မပေးသွင်းသည့် ကုမ္ပဏီများကို ဒဏ်ရိုက်ပြီး ပစ္စည်းများလေလံ တင်မည်


အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး(၁)တို့တွင် အခွန်ပေးဆောင်ရသည့် ကုမ္ပဏီများမှအပ ကျန်ကုမ္ပဏီများမှာ ၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ ကြိုတင် ခွန်ပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်သည့် ကုမ္ပဏီများကို ဒဏ် ရိုက်ခြင်းနှင့် ကုမ္ပဏီပိုင်ပစ္စည်းများကို လေလံတင်ရောင်းချ မည်ဖြစ်ကြောင်းပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)က ထုတ်ပြန်ကြေညာသည်။

၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ကုမ္ပဏီများမှာ ကြိုတင်ခွန်ပေးဆောင်ရမည် ဖြစ်သည့်အတွက် မတ်လ ၃၁ ရက်နေ့မတိုင်မီ အဆိုပါအခွန်ရုံး(၂) သို့ အခွန်လာရောက် ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ်အဆက်ဆက်က အခွန်ကြွေး ကျန်များကိုလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးချုပ်မှ ကွင်းဆင်းကောက် ခံရေးအဖွဲ့က ဦးဆောင်၍ လိုက်လံကောက်ခံလျက်ရှိပြီး ပေးသွင်းရန်ကျန်ရှိ သည့် အခွန်ကြွေးကျန်များကို ကုမ္ပဏီများက အချိန်မီ ပေးသွင်းကြရန်နှင့် လာရောက်ဆက်သွယ်ခြင်း မရှိသေးသည့် ကုမ္ပဏီများကလည်း အလယ် အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) သို့ အခွန်ဆိုင်ရာ ကိစ္စရပ်များ
ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါအခွန်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သတ်မှတ်ကာလကျော်လွန်သည်အထိ အခွန်လာရောက် ပေးဆောင်ခြင်း မရှိပါက ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၆၊ ပုဒ်မခွဲ က နှင့် ခ တို့အရ လည်းကောင်း၊
ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ က၊ ခ၊ ဂ၊ ဃ တို့အရ လည်းကောင်း ဒဏ်တပ်ရိုက်ခြင်းနှင့် ကုမ္ပဏီပိုင် ပုံသေပိုင်ပစ္စည်းများ ကို လေလံတင်ရောင်းချခြင်းကို ဆောက်ရွက်မည်ဖြစ်ကြောင်း အလယ် အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) က ထုတ်ပြန်ကြေညာသည်။

“တကယ်က ပုံမှန်ဆောင်နေတဲ့သူတွေကိုပဲ ဒဏ်တွေရိုက်မယ်။ ဘာတွေ လုပ်မယ်လို့ ပြောနေတာထက်စာရင် စည်းကြပ်မှုက ကင်းလွတ်နေတဲ့ သူတွေကို ပိုလုပ်သင့်ပါတယ်” ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးမျိုးဇင်ဝင်းက ပြောဆိုသည်။

ပုံမှန်အားဖြင့် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ကြိုတင်ခွန်များကို ဇူလိုင်လ အတွင်း ပေးဆောင်ရခြင်းဖြစ်ပြီး ပြည်တွင်းရှိ ကုမ္ပဏီအများစုသည် ကြိုတင်ခွန်ကို အချိန်မီ ပေးဆောင်သူနည်းပါးကာ ပထမအကြိမ် ဒဏ်ကြေး ၁ဝ ရာခိုင်နှုန်း ပေးဆောင်၍ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ သာ ပေးဆောင်သူ များပြားကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီအချို့သည် နောက်ဆုံးအကြိမ် သတ်မှတ်ရက်ကိုလည်း ကျော် လွန်လေ့ရှိသဖြင့် ဒဏ်ကြေးနှစ်ထပ် ပေးဆောင်ရမည်ဖြစ်သည့်အတွက် အခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်ရလေ့ရှိကြောင်း ကုမ္ပဏီလုပ်ငန်းရှင်များ က ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက နှစ်စဉ် ထုတ်ပြန်လေ့ရှိသည့် အခွန် အများဆုံး ထမ်းဆောင်သူ ၁ဝဝဝ စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီများက အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးသို့ အခွန်လာရောက် ထမ်းဆောင်ရပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ကိုယ်တိုင် စည်းကြပ်သည့်စနစ်ဖြင့် အခွန်ပေးဆောင်ရခြင်းဖြစ်သည်
Credit To >>> The Voice Weekly 

0 comments:

Post a Comment