11.3.16

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၂၁၀ ၀န်းကျင်သို့ ပြန်လည်မြင့်တက်လာ

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲန်း ကျပ် ၁၂၁၀ ၀န်းကျင်သို့ ပြန်လည်မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး အသိုင်းအ၀ိုင်းအထံမှ သိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ်လဒုတိယပတ် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ်ဝန်းကျင်မှ ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၈ ကျပ်ဝန်းကျင်သို့လည်းကောင်း၊ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် နှစ်ကျပ်ဝန်းကျင် ထပ်မံမြင့်တက်လာခဲ့သည့်အတွက် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၂၁၀ ၀န်းကျင်ရှိလာခဲ့သည်။

မတ် ၁၀ ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ၀န်းကျင်မှ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၁၂ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် တစ်ဒေါ်လာလျှင် ၁၂၀၈ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ၀န်း ကျင်သို့ ပြန်လည်မြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ်လပထမပတ်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ၀န်းကျင်မှ ၁၁၉၈ ကျပ်ဝန်းကျင် သို့ ၄၂ ကျပ်ဝန်းကျင် ကျဆင်းခဲ့သော်လည်း မတ်ဒုတိယပတ် ၈ ရက် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ်ဝန်းကျင်မှစ၍ တစ်ရက်လျှင် နှစ်ကျပ်ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့သည်။

မတ် ၁၀ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၁၉  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၁၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၂၀၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ရောင်းဈေး ၁၂၁၈ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၁၂၀၉ ကျပ်ဝန်းကျင် သတ်မှတ်ထားသည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၁၀ ရက်တွင် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများထံမှ တစ်ဒေါ်လာလျှင် ၁၂၁၉ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်းကို ငွေကြေး လေလံမှ တစ်ဆင့်ဝယ်ယူခဲ့သည်။

Credit To >>> Eleven Media Group



0 comments:

Post a Comment