5.4.16

ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးမှောင်ခို အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရာ မှ နှစ်ဖက်ပစ်ခတ်မှုဖြစ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဒဏ် ရာရ ၊ ကျပ် သိန်းလေးသောင်းကျော် ခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများနှင့် ကားတစ်စီး ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင် ကန်ရွာအနီးတွင် ဧပြီ ၂ရက်က မူး ယစ်ဆေးဝါး သယ်ဆောင် လာသော မှောင်ခိုအဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ နှစ်ဖက် ပစ်ခတ်မှုဖြစ် ပွားပြီး ရဲတပ်ဖွဲ့မှ နှစ်ဦးဒဏ်ရာရရှိ သွားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်မှသိရသည်။

ဧပြီ ၂ ရက် ည ၁၁နာရီခန့်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့လက်အောက် ခံရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေး ၀ါးမှောင်ခိုအဖွဲ့မှ သုံးဦးကို ဖမ်းဆီး ရန်ကြိုးစားရာမှ တစ်ဖက်နှင့်တစ် ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်မောင်း နှင့် ပခုံးတို့ တွင် သေနတ်ထိမှန်ဒဏ် ရာများရရှိခဲ့ပြီး မူးယစ်မှောင်ခိုအဖွဲ့ မှ ကျပ်သိန်းပေါင်းလေးသောင်းကျော် ခန့်တန်ဖိုးရှိသည့် အိုက်စ်အမျိုး အစား မူးယစ်ဆေးဝါး ၁၆၄ ကီလို ဂရမ်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးနှင့်ထောက်လှမ်းရေးဌာန မှ အဆင့်မြင့်အရာရှိတစ်ဦးက " ရဲ တပ်ဖွဲ့ဝင်နှစ်ဦး လက်မောင်းနဲ့ ပခုံး မှာ သေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။စိုးရိမ်စရာအခြေအနေမရှိပါဘူး။ ဒါ့ အပြင် ကျပ် သိန်းပေါင်းလေးသောင်း ကျော် နီးပါး တန်ဖိုးရှိတဲ့ အိုက်စ်အမျိုး အစားမူးယစ်ဆေးဝါးတွေကိုသိမ်း ဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့အဖွဲ့ကလူတွေ တော့ ထွက်ပြေးလွတ်မြောက်သွား ပါတယ်" ဟုပြောသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါး သယ်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ များကို ဖမ်းဆီးနိုင်ရန်အတွက် ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်၊ မြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်မှ တာဝန် ရှိသူများ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment