5.4.16

ဗီယက်နမ်အမျိုးသမီး နှစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အစိုးရကြေညာ


ဘရာဇီးနိုင်ငံတွင် ရှားပါးသော မွေးရာပါ ဦးနှောက်အရွယ်အသားသေးငယ်သည့် ရောဂါဖြစ်စဉ်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ပထမဆုံးလူနာနှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံက ကြေညာခဲ့သည်။
နာထရန် ကမ်းခြေမြို့မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မတ်လနှောင်းပိုင်းတွင် နေမကောင်းဖြစ်ခဲ့သူ ဟိုချီမင်းမြို့မှ အသက် ၃၃ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးတို့ကို သုံးကြိမ်တိုင်တိုင် စမ်းသပ် စစ်ဆေးခဲ့ပြီးနောက် ဇီကာဗိုင်းရပ်စ် တွေ့ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ အဆိုပါ လူနာနှစ်ဦးသည် စိတ်ချရသည့် အနေအထားတွင် ရှိနေပြီး သူတို့၏ ဆွေမျိုးများနှင့် အနီးနားပတ်ဝန်းကျင်မှ အိမ်နီးချင်းများ ထံတွင်လည်း ရောဂါကူးစက်ခံရသည့် လက္ခဏာမတွေ့ရှိရကြောင်း ၀န်ကြီးဌာနက ဆိုသည်။
Credit To >>> Democracy Today

0 comments:

Post a Comment