21.5.16

ရုရှားစစ်ရေယာဉ်များသို့ စစ်ဦးစီးအရာရှိချုပ်(ရေ) သွားရောက်လေ့လာ


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ရုရှားရေတပ်မှ စစ်ရေယာဉ်များသို့ မေ ၂၀ ရက် ညနေပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်လေ့လာရာ စစ်ရေယာဉ်ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေယာဉ်တာဝန်ကျတပ်ဖွဲ့များက ကြိုဆိုကြသည်။
ဆက်လက်၍ စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့်အဖွဲ့သည် စစ်ရေယာဉ်ပေါ်တွင် လှည့်လည်လေ့လာကြပြီး စစ်ရေယာဉ် Asmiral Vinogradov ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် စစ်ရေယာဉ်မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment