22.5.16

တိုင်းပြည်ဂုဏ်ဆောင် မြန်မာတောင်တက်သမားများအား ဧ၀ရတ်တောင်ခြေစခန်းထိ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ သွားရောက်ကြိုဆို”


ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် ယနေ့ မေလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်၌ မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ခဲ့သည့် မြန်မာတောင်တက်သမားများအား ဧ၀ရတ်တောင်ခြေစခန်းအထိ သွားရောက် ကြိုဆိုခဲ့ပါသည်။
နာယက ဦးတေဇသည် ယနေ့နံနက် ဒေသစံတော်ချိန် နံနက် (၉း၀၀)တွင် နီပေါနိုင်ငံ၊ လူကလာ (Lukla) မှ လေကြောင်းခရီးဖြင့် ဧ၀ရတ်တောင်ခြေစခန်းသို့ ထွက်ခွာခဲ့ပါသည်။ တောင်ခြေစခန်း မရောက်မီ လမ်းတွင် လေပြင်းတိုက်ခတ်မှုနှင့် ကြုံခဲ့ရပြီး Dingboche စခန်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရပါသည်။ လေပြင်းတိုက်ခတ်မှု ငြိမ်သက်ပြီးနောက် Dingboche စခန်းမှ ဧ၀ရတ်တောင်ခြေ စခန်းသို့ ပြန်လည်ထွက်ခွာလာရာ မြန်မာတောင်တက်သမားများ ရှိနေသည့် တောင်ခြေစခန်းသို့ နံနက် (၁၀း၃၀) အချိန်တွင် ရောက်ရှိခဲ့ပါသည်။
ဦးတေဇကိုယ်တိုင် တောင်ခြေစခန်းသို့ လာရောက် ကြိုဆိုသည့် အတွက် မြန်မာတောင်တက်သမားများ ဖြစ်သည့် ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနှင့် ကိုညီညီအောင်(ခ)ဒိုးလုံး တို့က ပျော်ရွှင်ကြည်နူးပြီး ဂုဏ်ယူ ၀မ်းသာမိကြောင်း ဆိုခဲ့ကြပါသည်။
နာယက ဦးတေဇသည် တောင်တက်သမားများအား ဧ၀ရတ်တောင်ခြေစခန်းတွင် ကြိုဆိုပြီးနောက် လူကလာ (Lukla) သို့ ပြန်လည် ထွက်ခွာလာရာ လူကာမြို့သို့ မွန်းလွဲ (၁၂း၁၀) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ အပါအ၀င် မြန်မာတောင်တက်များသည် လူကလာမြို့မှ ခတ်တမန်ဒူ (Kathamandu) သို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး နီပေါနိုင်ငံ၏ မြို့တော် ခတ်တမန်ဒူ (Kathamandu) တွင် ယနေ့ ညအိပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Credit To >>>> Htoo Foundation Group



0 comments:

Post a Comment