22.5.16

အာဆီယံနဲ့ တိုးမြင့်ကုန်သွယ်သွားမယ်လို့ ရုရှပြော


အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ကုန်သွယ်မှုဟာ ယခုနှစ် ပထမသုံးလပတ်မှာ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ရုရှ အစိုးရက မေ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရုရှ-အာဆီယံ အကြား ကုန်သွယ်မှု တိုးမြင့်ရေးကို ဆက်လက်အားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုချီမြို့မှ ကျင်းပနေတဲ့ ရုရှ-အာဆီယံ စီးပွားရေးဖို
ရမ်မှာ ရုရှ ရဲ့ လက်ထောက် စီးပွားရေးဖွံ့ဖြိုးမှု ဌာန ၀န်ကြီး အလက်ဇီ လင်ဟာချက်ဗ်က ပြောကြားသွားတာဖြစ်ပါတယ်။
ရုရှ နိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းကို စက်မှုထုတ်ကုန် စက်ယန္တရားပိုင်းနဲ့ သတ္ထု ပစ္စည်းတွေ ကို တိုးမြင့်တင်ပို့နေသလိုပဲ စားသောက်ကုန် ပို့ကုန်ကဏ္ဍမှာလည်း အလွန်အားကောင်းလာတာတွေ ရှိနေတယ်ဆိုပြီး လင်ဟာ
ချက်ဗ်ရဲ့ ပြောကြားမှုကို RT.com က ကိုးကားဖော်ပြပါတယ်။
ဒေါ်လာ ငွေကြေးပိုင်းက ကြည့်မယ်ဆိုရင် ရုရှအတွက် အာဆီယံဟာ အပေါင်းလက္ခဏာဆောင်တဲ့ ကုန်သွယ်မှုတွေရှိနေတဲ့ တစ်ခုတည်းသော ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုကြောင်းလည်း လင်ဟာချက်ဗ်က ထပ်လောင်းပြောဆိုသွားပါသေးတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာလည်း အာဆီယံနိုင်ငံတွေနဲ့ ရုရှအကြား ကုန်သွယ်မှု ပမာဏပိုင်းမှာ နှစ်ဆအထိ တိုးတက်ထားတယ်လို့ ရုရှဘက်က ပြောပါတယ်။ ယမန်နှစ်တုန်းက ရုရှ-အာဆီယံ ကုန်သွယ်မှုဟာ ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံ ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဆီမှာ ရုရှ ရဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေကြားကာလမှာ ဒေါ်လာ ၆၉၈ သန်း ထိ ရှိခဲ့ပါတယ်။
" ခုချိန်မှာ ကျွန်တော်တို့ အာဆီယံဒေသအတွက် ရုရှ က အရေးပါးဆုံးဖြစ်တဲ့ လုပ်ငန်းပါတနာတစ်ဦး ဖြစ်လာနေပါပြီ" ဆိုပြီးတော့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီကလည်း ပြောဆိုသွားပါသေးတယ်။
လက်ရှိအချိန်မှာလည်း အာဆီယံဒေသနိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တွေ အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့အရေး မော်စကိုအစိုးရက အကြံပြုကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Credit To >>>    SFJ Strategy First Journal 

0 comments:

Post a Comment