23.5.16

၂၀၁၈ မတိုင်ခင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြင့်ဖို့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့



အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုင်းကို လာမယ့် ၂၀၁၈ မှာ ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြင့်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ယမန်နှစ် ၂၀၁၅ ခုနှစ်က ယင်းနှ်စ်
နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၅ ဒသမ ၅၉ ဘီလီယံ ရှိခဲ့ပါတယ်။


ယခုလို သဘောတူညီချက်ကို လက်ရှိ ကျင်းပနေတဲ့ အာဆီယံ-ရုရှ ထိပ်သီးညီလာခံ အစည်းအဝေး ပြင်ပမှာ အင်ဒိုသမ္မတ ဂျိုကိုဝီ နဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုရင်ရွှမ်ဖူ တို့ နှစ်ဦး တွေ့ဆုံစဉ်မှာသဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

" ၂၀၁၅ တုန်းက ကျွန်တော်တို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၅ ဒသမ ၅၀ ဘီလီယံရှိခဲ့ပါတယ်၊ ဒါဟာ အရင် သုံးနှစ်လောက်ကထက် ၆ ဒသမ ၄၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ" ဆိုပြီး မေလ ၁၉ ရက်က ရုရှ နိုင်ငံ ဆိုချီမြို့မှာ ကျင်းပတဲ့အစည်းအဝေးပြင်ပမှာ သမ္မတ ဂျိုကိုဝီက ထုတ်ပြန်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကြောင့် ယခုလို ကုန်သွယ်မှုပိုင်းမှာတိုးတက်လာတာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဗီယက်နမ်နိုင်ငံဟာဆိုရင် အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းပါတနာအဖြစ် ရှိနေတယ်လို့ အင်ဒို သမ္မတက ပြောသွားပါသေးတယ်။ အထူးသဖြင့် ဗီယက်နမ် နိုင်ငံက တင်ပို့တဲ့ ဆန်ဟာ အင်ဒိုနီးရှားမှာ အဓိက စားကုန်ဖြစ်နေတယ်လို့ ဆိုပါတယ်။


Credit To >>>  SFJ Strategy First Journal 

0 comments:

Post a Comment