6.5.16

ဇွန်လကုန်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချမည်ဟု ဆို


ဇွန်လကုန်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သတင်းရရှိပြီး ယင်း ကျောက်မျက်ပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ တင်ပြရောင်းချလိုသည့် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာများကို မေ ၁၁ ရက် အတွင်း ကျောက်စိမ်း လုပ်ငန်းကုမ္ပဏီသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ လာရောက် ဝယ်ယူလိုသည့် နိုင်ငံသား ကုန်သည်များ အနေဖြင့် သတ်မှတ် စပေါ်ငွေနှင့် အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ပြီး မေ ၁၉ ရက်မှ ဇွန် ၁ဝ ရက်အတွင်းတွင် ကျောက်မျက်တွဲများ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေးညှိနှိုင်း သတ်မှတ်ခြင်း တို့ကို လုပ်ဆောင် သွားမည်ဟုလည်း သတင်းရရှိသည်။


Credit To >>> Myanmar International News

0 comments:

Post a Comment