6.5.16

မလေးရှား ဒုတိယ၀န်ကြီးတစ်ဦး လိုက်ပါသွားသော ရဟတ်ယာဉ် တစ်စင်း ဆာရာဝတ်ပြည်နယ်တွင် ပျောက်ဆုံး


ဆာရာဝတ်ပြည်နယ်တွင် မလေးရှားဒုတိယ၀န်ကြီးတစ်ဦးနှင့် ပါလီမန်လွှတ်တော် အမတ်တစ်ဦး အပါအ၀င် လူ ၆ ဦးလိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျောက်ဆုံးခဲ့ပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စက်မှုလုပ်ငန်းများ နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး ၀န်ကြီး နော်ရစ် ကတ်စ်နွန် နှင့် သူမ၏ ခင်ပွန်းဖြစ်သူ လွှတ်တော်အမတ် အက်စ်မူနီ အဗ္ဗဒူလာ၊ စက်မှုလုပ်ငန်းများ နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး ဆွန်ဒါရန် အန်နာမာလိုင်၊ မလေးရှား ဆီအုန်းဘုတ်အဖွဲ့ဥက္ကဌ ၀န်မိုဟာမက် ခါအီလီ နှင့် ကိုယ်ရံတော် အာမက်ဆိုဘီတို့သည် လေယာဉ်မှူး ရုဒေါ့ဖ် ရက် ရာဂတ်စ်နှင့်အတူ ဘယ်တွန်မှ ကူချင်အထိ ရဟတ်ယာဉ်ဖြင့် ခရီးသွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 
Credit To >>> Democracy Today

0 comments:

Post a Comment