9.5.16

မြို့ပြ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ ဦးစားပေး လုပ်ငန်းများအတွက် ကန်ဒေါ်လာ သန်း ၄၅ဝဝ ကျော် အသုံးပြုမည်ဟုဆို

ရန်ကုန်မြို့တော်၏ မြို့ပြဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများမှ အဆိုပြု ဦးစားပေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၄၅၇၇ ဒသမ ၂ သန်း အသုံးပြုရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။

အဆိုပါ လုပ်ငန်းများတွင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့ပြအခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများဟူ၍ ကဏ္ဍနှစ်ခု ပါဝင်မည်ဖြစ်ပြီး၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ငန်း ၂၆ ခုနှင့် မြို့ပြုအခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ငန်း ၅၁ ခု ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
"မြို့ပြဖွံ့ဖြိုးမှုအတွက် အခြေခံ လိုအပ်ချက်တွေဖြစ်လို့ ဦးစားပေးလုပ်ငန်းတွေအနေနဲ့ အဆိုပြုထားတာပါ"ဟု ၎င်းကဆိုသည်။
ဦးစားပေးလုပ်ငန်းများတွင် မြို့ပြဖွံ့ဖြိုးရေး၊ မြို့ပြရှုခင်းနှင့် အမွေအနှစ် ထိန်းသိမ်းရေး၊ စိမ်းလမ်းမြေ၊ မြို့ပြသယ်ယူပို့ဆောင်ရေး၊ ရေပေးဝေရေး၊ ဆက်သွယ်ရေးနှင့် အခြား ဖွံ့ဖြိုးမှုလုပ်ငန်းများ ပါဝင်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနထံမှ သိရှိရသည်။
၂ဝ၁၆ ခုနှစ်တွင် နှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်း ၁၉ ကို လုပ်ဆောင်လျက်ရှိပြီး၊ ဦးစားပေးလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြချက်များ ဆွေးနွေးပွဲထံမှ သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment