9.5.16

၂၀၁၆ သုံးလတာအတွင်း ဝင်ငွေကန်ဒေါ်လာ ၉၁ သန်းကျော်ရရှိထားကြောင်း အူရီးဒူးထုတ်ပြန်

၂၀၁၆ ပထမသုံးလပတ် အတွင်း မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အမေရိကန်ဒေါ် လာ ၉၁ ဒသမ ၇ သန်းကျော် ဝင် ငွေရရှိခဲ့ပြီး ယမန်နှစ်က အလား တူကာလထက် ၄၂ ရာခိုင်နှုန်းအ ထိ ဝင်ငွေရရှိမှု တိုးတက်လာ ကြောင်း အူရီးဒူးမြန်မာက သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့ရဲ့ နည်းဗျူ ဟာက အောင်မြင်မှုတွေကို အရ ယူပေးလိုက်ပါပြီ။ 3G ရင်းနှီးမြှုပ် နှံမှုအတိုင်းအတာနဲ့အတူ အင်တာနက်ဝန်ဆောင်မှုတွေ မြှင့်တင် လိုက်တာဟာ သဘာဝကျတဲ့လုပ် ဆောင်မှုပါ’’ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Rene Meza က ပြောကြားသည်။
အူရီးဒူးမြန်မာအနေဖြင့် ဝင် ငွေရရှိမှု တိုးတက်လာခြင်းနှင့်အ တူ အသုံးပြုသူဦးရေလည်း တိုးတက်လာခဲ့ပြီး ၂၀၁၆၏ ပထမ သုံးလပတ်အတွင်း မိုဘိုင်းကွန်ရက် အသုံးပြုသူ တစ်သန်းကျော်တိုးတက်လာ၍ ဈေးကွက်ဝေစုပိုမိုရရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 ‘‘ကျွန်တော်တို့ရဲ့ရည်မှန်း ချက်က သုံးစွဲသူတွေအတွက် ကမ္ဘာ့အဆင့်မီ အင်တာနက်ဝန် ဆောင်မှုကို ပိုပြီး အသုံးပြုလာနိုင် အောင် ကမ်းလှမ်းပေးဖို့ပါ။ ဒီ ထက်ပိုပြီး သင့်တင့်မျှတတဲ့ ဈေး နှုန်းတွေနဲ့ ဝန်ဆောင်မှုတွေ ဆက် ပေးဖို့ ကြိုးစားမှာပါ’’ဟု  Mr.Rene Meza က ပြောသည်။
 အူရီးဒူးမြန်မာ၂၀၁၆ မတ်လကုန်အထိ လူဦးရေ၏ ၈၂ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းခြုံထားပြီး တာဝါတိုင်ပေါင်း ၃,၈၀၀ ကျော်ဖြင့် မိုဘိုင်းအသုံးပြု သူ ၆ ဒသမ ၉ သန်းကျော်အား ဝန်ဆောင်မှုပေးနေသည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment