9.5.16

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအား ရုတ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်မရှိ အတည်ပြု

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအား ရုတ်သိမ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်လိုသည့် ကိုယ်စားလှယ် တစ်ဦးမှ မရှိသဖြင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ တင်ပြသည့် အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်တွင် ကြေညာခဲ့ပါသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း သုံးခုအား မေးမြန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည် ဖြေကြားခဲ့ပါသည်။ ယနေ့ လွှတ်တော်တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၄၂၆ ဦးအနက် ၃၉၁ ဦးသာ တက်ရောက်ခဲ့ပြီး ၃၅ ဦးမှာ ခွင့်ပန်ကြားခဲ့ကြောင်း သိရပါသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment