9.5.16

ဆုံးရှုံးမှုတွေဖြစ်ပေါ်နေခဲ့တဲ့ ကုမ္မဏီကို ပြန်လည်တွန်းတင်နိုင်ဖို့ တိုရှီဘာ ဥက္ကဌအပြောင်းအလဲပြုလုပ်

ဘဏ္ဍာရေးပိုင်း ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ ဂျပန်နိုင်ငံ တိုကျို အခြေစိုက် အီလက်ထရောနစ် ကုမ္မဏီ တိုရှီဘာဟာ ယင်းရဲ့ ဥက္ကဌ မာဆာရှီ မူရိုမာချီ နေရာမှာ လက်ရှိ ကုမ္မဏီရဲ့ ဒုဥက္ကဌဖြစ်သူ ဆူနာကာဝါ ကို ပြောင်းလဲ ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တိုရှီဘာရဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ ဆူနာကာဝါ က လက်ရှိ ကုမ္မဏီမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို ဖြေရှင်းသွားမှာဖြစ်သလို ဘဏ္ဍာရေးကွာဟချက်ကြီးမားနေမှုကိုလည်း ကျဉ်းမြောင်းအောင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
“ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေက ပြဿနာကြီးတစ်ခုအနေနဲ့ ရှိနေပါတယ်၊ အနာဂတ်ကာလမှာဆိုရင် စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ သိုလှောင်မှုပိုင်းမှာ ကျွန်တော်တို့ ကုမ္မဏီအနေနဲ့ အာရုံစိုက်လုပ်ဆောင်သွားမှာပါ၊ အဲဒီ နယ်ပယ်ကဏ္ဍတွေမှာ ကျွန်တော်တို့ တိုးတက်အောင်လုပ်လိုပါတယ်” ဆိုပြီး ဆူနာကာဝါ က သတင်းထောက်တွေကို ပြောသွားပါတယ်။
ကွန်ပြူတာကနေ နျူကလီးယား စွမ်းအင်ဆိုင်ရာ တပ်ဆင်အစိတ်အပိုင်းတွေအထိ ထုတ်လုပ်ထားခဲ့တဲ့ ဂျပန် အခြေစိုက် တိုရှီဘာ ကုမ္မဏီဟာဆိုရင် ပြီးခဲ့တဲ့ ကာလတွေတုန်းက စံချိန်တင် အရှုံးပေါ်မှုတွေ၊ အမှုဆောင်အရာရှိချုပ်တစ်ချို့တွေရဲ့ နှုတ် ထွက်သွားမှုတွေနဲ့အတူ ယိမ်းယိုင်နေခဲ့ပါတယ်။
ယင်းနောက်ပိုင်းမှာတော့ ဂျပန်ကုမ္မဏီအနေနဲ့ ယင်းရဲ့ လုပ်ငန်းတွေ လျှော့ချဖို့ စီစဉ်ခဲ့ပြီး ဆေးဘက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကို Canon ကုမ္မဏီ ကို ရောင်းချခဲ့သလို အိမ်အသုံးအဆောင် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကို တရုတ်ရဲ့ Media Group ကို ရောင်းချထားခဲ့ပါတယ်။
အလားတူ လက်ရှိအချိန်မှာလည်းယင်းရဲ့ ပီစီ ကွန်ပြူတာ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း ထုတ်ရောင်းဖို့အထိ စဉ်းစားရတဲ့အထိ ဖြစ်နေပြီလည်းဖြစ်ပါတယ်။
“ လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ပီစီ ကွန်ပြူတာ လုပ်ငန်းကို လည်း တိုးတက်အောင်လုပ်နေပါတယ်၊ ဒါပေမယ့်လည်း လုပ်ငန်းရဲ့ ဆက်လက်ဖြစ်နိုင်ချေကတော့ မသေချာသေးပါဘူး၊ တစ်ဘက်ကတွေးကြည့်ရင်တော့ လုပ်ငန်းပိုင်း ပူးပေါင်းလုပ်ဆောင်မှုတွေကလည်း ဖြစ်လာနိုင်ပါသေးတယ်” လို့ ဥက္ကဌသစ်ဖြစ်လာသူ ဆူနာကာဝါက ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment