9.5.16

ပုဂံယဉ်ကျေးမှုဒေသသို့ ဂျပန်လူမျိုးများ အများဆုံး လာရောက်၊ ဧည့်လမ်းညွှန်ကြေးအမြင့်ဆုံးဖြစ်နေ

ပုဂံယဉ်ကျေးမှုဒေသကို လာရောက်လေ့လာသည့် ပြည်ပ ဧည့် သည်များအနက် ယခုအခါ ဂျပန်လူ မျိုးများ အများဆုံးလာရောက်လျက် ရှိပြီး ဂျပန်ဧည့်လမ်းညွှန်ကြေးနှုန်း ထားမှာလည်း အခြားသောဧည့် လမ်း ညွှန် များ ထက် အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။

ယခင်က ပုဂံဒေသကို ဂျပန်လူ မျိုးများလာရောက်မှုနည်းပါးခဲ့သော် လည်း ယခုနှစ်ပိုင်းအတွင်းတွင် သိသိ သာသာတက်လာပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဂျပန်လူမျိုးသုံးသောင်း ခွဲဝင်ရောက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လေးသောင်းခွဲခန့် ၀င်ရောက်ခဲ့ကြောင်းနှင့် ဧည့်လမ်း ညွှန် များအတွက် ၀န်ဆောင်ခနှုန်း ထားကိုလည်း တစ်နေ့လျှင် ကန်ဒေါ် လာ ၅၀ အထိပေးရပြီး အခြားဘာ သာစကား ဧည့်လမ်းညွှန်များမှာ ၃၅ ဒေါ်လာခန့် သာရှိကြောင်း ပုဂံ ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုမြင့်နိုင်က မေ ၈ ရက်က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။
" ဂျပန်ဧည့်လမ်းညွှန်က အရင် ကတည်းကလည်းရှားတယ်။ အခု လည်း သိပ်မ ရှိဘူး၊ ပြီးတော့ အရင် က ဂျပန်လူမျိုးတွေက အလာနည်း ခဲ့တယ်။ အခုနှစ်နှစ်အတွင်းမှာတော့ ပုဂံကို တော်တော်လေးကိုလာကြ တယ်။ နှုန်း ထား ကလည်း သူကအ မြင့်ဆုံးဖြစ်နေတယ်။ ဂျပန်ဧည့် လမ်း ညွှန်တွေ ကတော့ အခုလက်ရှိဝင် ငွေအကောင်း ဆုံးလို့ပြောရမှာပေါ့ " ဟု ၎င်းင်းကဆက်လက်ပြောသည်။
ယခုအခါ ပုဂံကိုဂျပန်နိုင်ငံမှလာရောက်မှုပိုမိုများပြားလာသည့်အတွက် ယင်းဒေသတွင် ဂျပန်ဘာ သာစကားတတ်ကျွမ်းသည့်ဒေ သ ဧည့် လမ်းညွှန်များအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျက် ရှိလာကြောင်းသိရသည်။
ယင်းအပြင် ပြည်ပဧည့်သည်လာရောက်မှုများ သည့်အတွက် ဒေသအတွင်း ခရီး သွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသ ထွက်ပစ္စည်းအရောင်းဆိုင်များ၊ လက် ဆောင်ပစ္စည်းဆိုင်များ၊ ခရီးသွား ကားလုပ်ငန်းများ၊ စားသောက်ဆိုင် များနှင့်ဟိုတယ်များအတွက် လုပ် ငန်းတွင်ကျယ်မှုရှိကြောင်းလည်း သိရ သည်။
Credit To >>> Democracy Today

0 comments:

Post a Comment