12.6.16

ကျောက်မျက်ရန်ပုံငွေကိစ္စ စစ်ဆေးမှုရလဒ်ကို လက်မခံနိုင်ဟုဆို

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္ထုတွင်းဦးစီးဌာနက ခုံရုံးဖွဲ့စစ်ဆေးလျက်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ကျောက်မျက်အသင်း ရန်ပုံငွေ အစီရင်ခံစာရလဒ်ကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင် ဦးကျော်ကျော်ဦးက The Voice သို့ ပြောကြားသည်။

ကျောက်မျက်ရတနာရောင်းရငွေမှ အခွန် ၁ ရာခိုင်နှုန်းကောက်ခံထားသော အသင်းရန်ပုံငွေများကို ယခင်အစိုးရအရာရှိ ဟောင်းများနှင့် အသင်းဥက္ကဋ္ဌတို့က အဂတိ လိုက်စားမှုများရှိနေ၍ တိုင်ကြားထားခြင်း ဖြစ်ပြီး ကနဦးစစ်ဆေးမှုရလဒ်အနှစ်ချုပ်တွင် အလွဲသုံးစားမှုမရှိကြောင်းတွေ့ရှိခြင်းမှာ လက်ခံ နိုင်စရာမရှိကြောင်း ၎င်းကဆိုသည်။
"ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အကြောင်းကြားတယ်။ သူတို့ထုံးစံအတိုင်းပဲ အပြစ်မရှိဘူးဘဲပြောတာပေါ့။ အဖြေကို ကြိုတွက်ပြီးသားပဲ၊ ဒီလို ပဲလာမယ်ဆိုတာ။ သူတို့ဘယ်လိုပဲထွက် ထွက် ကျွန်တော်တို့ကလက်မခံနိုင်ဘူး" ဟု ဦးကျော်ကျော်ဦးကဆိုသည်။
အစီရင်ခံစာတွေ့ရှိချက်ကို သတ္တုတွင်းဦးစီးဌာနက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းသို့ အကြောင်းကြားခဲ့ ကြောင်း ၎င်းက ပြောကြားသည်။
ယူရိုငွေ ၉၃ သန်းပမာဏရှိသည့် ကျောက်မျက်ရန်ပုံငွေကိစ္စတွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းတို့လည်း ပါဝင် ပတ်သက်မှုရှိနေကြာင်း တိုင်ကြားစာတွင် ဖော်ပြခဲ့ပြီး စွပ်စွဲခံရသူများကမူ အခိုင် အမာငြင်းချက်ထုတ်ထားသည်။
သတ္ထုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က အဆိုပါတိုင်ကြားစာသည် ခိုင်မာမှုမရှိကြောင်း ၊ စစ်ဆေးမှုရလဒ်အသေး စိတ်အစီရင်ခံစာကိုလည်း မီဒီယာနှင့်အများ ပြည်သူသို့ထုတ်ပြန်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောကြားသည်။
ဇွန်လ ၁၀ ရက်အစီရင်ခံစာရလဒ်ပတ်သက်၍ ဦးဝင်းထိန်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံရသော သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းကာ အဆိုပါ ကျောက်မျက်ရန်ပုံငွေကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္ထုတွင်းဦးစီးဌာနက ခုံရုံးဖွဲ့စစ်ဆေးလျက်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ကျောက်မျက်အသင်း ရန်ပုံငွေ အစီရင်ခံစာရလဒ်ကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင် ဦးကျော်ကျော်ဦးက The Voice သို့ ပြောကြားသည်။
ကျောက်မျက်ရတနာရောင်းရငွေမှ အခွန် ၁ ရာခိုင်နှုန်းကောက်ခံထားသော အသင်းရန်ပုံငွေများကို ယခင်အစိုးရအရာရှိ ဟောင်းများနှင့် အသင်းဥက္ကဋ္ဌတို့က အဂတိ လိုက်စားမှုများရှိနေ၍ တိုင်ကြားထားခြင်း ဖြစ်ပြီး ကနဦးစစ်ဆေးမှုရလဒ်အနှစ်ချုပ်တွင် အလွဲသုံးစားမှုမရှိကြောင်းတွေ့ရှိခြင်းမှာ လက်ခံ နိုင်စရာမရှိကြောင်း ၎င်းကဆိုသည်။
"ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အကြောင်းကြားတယ်။ သူတို့ထုံးစံအတိုင်းပဲ အပြစ်မရှိဘူးဘဲပြောတာပေါ့။ အဖြေကို ကြိုတွက်ပြီးသားပဲ၊ ဒီလို ပဲလာမယ်ဆိုတာ။ သူတို့ဘယ်လိုပဲထွက် ထွက် ကျွန်တော်တို့ကလက်မခံနိုင်ဘူး" ဟု ဦးကျော်ကျော်ဦးကဆိုသည်။
အစီရင်ခံစာတွေ့ရှိချက်ကို သတ္တုတွင်းဦးစီးဌာနက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းသို့ အကြောင်းကြားခဲ့ ကြောင်း ၎င်းက ပြောကြားသည်။
ယူရိုငွေ ၉၃ သန်းပမာဏရှိသည့် ကျောက်မျက်ရန်ပုံငွေကိစ္စတွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းတို့လည်း ပါဝင် ပတ်သက်မှုရှိနေကြာင်း တိုင်ကြားစာတွင် ဖော်ပြခဲ့ပြီး စွပ်စွဲခံရသူများကမူ အခိုင် အမာငြင်းချက်ထုတ်ထားသည်။
သတ္ထုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က အဆိုပါတိုင်ကြားစာသည် ခိုင်မာမှုမရှိကြောင်း ၊ စစ်ဆေးမှုရလဒ်အသေး စိတ်အစီရင်ခံစာကိုလည်း မီဒီယာနှင့်အများ ပြည်သူသို့ထုတ်ပြန်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောကြားသည်။
ဇွန်လ ၁၀ ရက်အစီရင်ခံစာရလဒ်ပတ်သက်၍ ဦးဝင်းထိန်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံရသော သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းကာ အဆိုပါ ကျောက်မျက်ရန်ပုံငွေကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment