12.6.16

အာရှဖွံ့ဖြိုးရေးဘဏ် အကြီးအကဲ မြန်မာနိုင်ငံလာမည်


လာမယ့်သီတင်းပတ်တွင်းမှာ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဌ Takehiko Nakao မြန်မာနိုင်ငံကို လာရောက်မယ်လို့ နိုင်ငံတကာတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့လျှပ်စစ်၊ သယ်ယူပို့ ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်း စတဲ့အဓိကကျတဲ့လုပ်ငန်းကဏ္ဍတွေ မှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်ရေး ဆွေးနွေးဖို့ လာမယ့် ဇွန် ၁၃ ရက်ကနေ ၁၅ ရက်အထိ ADB ဥက္ကဌ Mr Takehiko Nakao မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
၎င်းရဲ့ သုံးရက်တာ အလည်အပတ်ခရီးစဉ်မှာ သမ္မတဦးထင်ကျော်၊ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ တို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။
ADB ဥက္ကဌ Mr Takehiko Nakao ရဲ့ ယခု မြန်မာနိုင်ငံခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလက ၎င်း ဥက္ကဌတာဝန် စတင်ထမ်းဆောင်တဲ့အချိန်နောက် ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။
အခုလိုမျိုး ADB ဥက္ကဌ Mr Takehiko Nakao ရဲ့ မြန်မာနိုင်ငံခရီးစဉ် ကနေ နိုင်ငံမှာလျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးလိုမျိုးအခြေခံကျတဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့လည်း နိုင်ငံတကာစီးပွားရေးပညာရှင်အ သိုင်းအ၀ိုင်းကခန့်မှန်းပြောဆိုပါတယ်။
အာရှ ဖွံ့ဖြိုးရေးဘဏ်ဟာဆိုရင် ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှု အသွင်ကူးပြောင်းမှုတွေကို အဆင်ပြေချောမွေ့စေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးခဲ့ တာကိုတွေ့နိုင်ပါတယ်။ အလားတူ ၂၀၁၃ ကနေ ၂၀၁၅ အကြား အမေရိကန် ဒေါ်လာ ၉၉၁ ဒသမ ၅ သန်း ထိ ချေးငွေတွေကိုလည်း ချထားပေးခဲ့ပါတယ်။

Credit To >>> Strategy First Journal V

0 comments:

Post a Comment