10.6.16

တောဆင်ရိုင်း(၃)ကောင်ဖြတ်ရန်အတွက်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးလမ်းပိုင်းတစ်ခုယာယီပိတ်

ပဲခူးရိုးမမှတောဆင်ရိုင်းသုံးကောင်သည် လူနေရပ်ကွက်များထဲဝင်ရောက်လာပြီး လူများကိုရန်မူလာသည့်အတွက် ရွာသားအချို့သေဆုံးခဲ့ရပြီးနောက် ထိုတောဆင်ရိုင်းများအား ပဲခူးရိုးမသို့ပြန်လည်မောင်းထုတ်ရန် ကြားတွင်ခံနေသည့်ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း တစ်ခုကို ယနေ့ည၉ နာရီခွဲခန့်မှစကာယာယီပိတ်လိုက်ရကြောင်းသိရသည်။

“ အခုလေးတင်ပဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့မိုင်တိုင်(၀)ကနေမိုင်တိုင် (၃၈)ကြားယာယီပိတ်လိုက်ရပါတယ်။တောဆင်ရိုင်းတွေဖြတ်မောင်းဖို့ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ထိုလမ်းပိုင်းယာယီပိတ်လိုက်သဖြင့် ရန်ကုန်မှလာသောကားများသည် ထောက်ကြံ့ မှရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်းသွားကာ ဘုရားကြီးမှတစ်ဆင့် အမြန်လမ်းမကြီး သို့ပြန်လည်ဝင်ရောက်ရန်နှင့် မန္တလေးဘက်မှလာသောကားများသည် ဘုရားကြီးတွင် လမ်းဟောင်းသို့ချိုးဝင်ကာ ရန်ကုန်မြို့တွင်းဝင်ရောက်ရန်စီစဉ်ထားကြောင်းလည်းသိရှိ ရသည်။
လူများ၏အသက်အန္တရာယ်ကိုခြိမ်းခြောက်လာသဖြင့် အမြန်ဆုံးစီစဉ်လိုက်ရ ကြောင်းနှင့်သစ်တောဦးစီးဌာန၊အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

Credit To >>> Central News Bureau

0 comments:

Post a Comment